အရာတော်မြို့နယ်၊ မကျီးဇောက်ကျေးရွာအတွင်းမှ လူနေအိမ်များကို အကာအကွယ်ယူ၍ PDF အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အရာတော်မြို့နယ်၊ မကျီးဇောက်ကျေးရွာအတွင်းမှ လူနေအိမ်များကို အကာအကွယ်ယူ၍ PDF အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်


MNP ၊ ဇွန် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ မကျီးဇောက်ကျေးရွာအနီးတွင် ယမန်နေ့ နံနက်ပိုင်းက နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များအား PDF အကြမ်းဖက်သမားများက လူနေအိမ်များကို အကာအကွယ်ယူ၍ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆာင်ခဲ့ကြောင်း သိရသည်။

၎င်းကျေးရွာအနီးသို့ရောက်ရှိစဉ်  ယမန်နေ့ နံနက် ၅ နာရီခွဲခန့်တွင် အပြစ်မဲ့ ပြည်သူများအား ထိခိုက်စေရန် PDF အကြမ်းဖက်သမားများ ထောင်ထားသော လက်လုပ်မိုင်းများအား တွေ့ရှိ၍ သက်မဲ့ပြုလုပ်ကာ မီးရှို့ဖျက်ဆီးခဲ့ကြပြီး ဆက်လက်၍ နယ်မြေရှင်းလင်းခြင်းများ ထပ်မံဆောင်ရွက်ခဲ့ရာ မကျီးဇောက်ကျေးရွာအတွင်းရှိ လူနေအိမ်များအား အကာအကွယ်ယူကာ PDF အကြမ်းဖက်သမားများက ပစ်ခတ်တိုက်ခိုက်လာသဖြင့် လုံခြုံရေးအဖွဲဝင်များက ပြန်လည် ပစ်ခတ်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများ အထိနာကာ ထွက်ပြေးသွားကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်သမားများ၏ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများနောက်တွင် လိုက်ပါ၍ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေကြသော PDF အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားသော နောက်သို့ လုံခြုံရေးအဖွဲဝင်များက ထပ်ကြပ်မကွာ လိုက်လံရှင်းလင်းခဲ့ရာ ၎င်းကျေးရွာရှိ စာကြည့်တိုက်အတွင်းမှ ကျည်မျိုးစုံ ၅၈ တောင့်၊ ကျည်အိမ် ၁ ခု၊ အိုင်ကွန် ၂ လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)