ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ စစ်ကိုင်းမြို့နယ်၊ စမွန်းကျေးရွာအနီး ခိုအောင်းနေသည့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် တိုက်ခိုက် ချေမှုန်း၊ လက်နက်၊ ခဲယမ်းများသိမ်းဆည်းရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ စစ်ကိုင်းမြို့နယ်၊ စမွန်းကျေးရွာအနီး ခိုအောင်းနေသည့် PDF အမည်ခံ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် တိုက်ခိုက် ချေမှုန်း၊ လက်နက်၊ ခဲယမ်းများသိမ်းဆည်းရမိ


MNP ၊ ဇွန် ၂၉

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG၊ CRPH တို့၏ ဆက်သွယ်ညွှန်ကြားမှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်အတွက် အဖျက်အမှောင့်လုပ်ငန်း မျိုးစုံကို လုပ်ဆောင်လျက်ရှိသည့် PDF အကြမ်းဖက်သမားများသည် စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာ၊ ဥယျာဉ်ကျေးရွာ၊ လက်ပံတောကျေးရွာနှင့် စဉ့်ကိုင် ကျေးရွာများအနီး ရောက်ရှိ ခိုအောင်းနေကြောင်း အကြမ်းဖက်လုပ်ဆောင်မှုများကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူအချို့၏ လျှို့ဝှက် ဆက်သွယ် သတင်းပေးပို့ ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် တိုက်ခိုက်ချေမှုန်းခဲ့ရာ ဇွန် ၂၅ ရက်တွင် PDF အမည်ခံအကြမ်းဖက်သမားများထံမှ လက်နက်မျိုးစုံ ၄၂ လက်နှင့် ခဲယမ်း၊ ဗုံးသီး ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် လက်နက်မျိုးစုံ ၁၂ လက်နှင့် ခဲယမ်း၊ ဗုံးသီး ဆက်စပ်ပစ္စည်းများအားလည်းကောင်း သိမ်းဆည်းရရှိခဲ့သည်။

အထက်ပါဖြစ်စဉ်များမှ ဆုတ်ခွာထွက်ပြေးသွားခဲ့သော အကြမ်းဖက်သမားအချို့ သည် အခြားအကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်းကာ စမွန်းကျေးရွာအနီး ရောက်ရှိ ခိုအောင်းနေကြောင်း အကြမ်းဖက်လုပ်ရပ်များကို ရွံရှာဆက်စုပ်မုန်းတီးပြီး PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်များအား လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံ ပြည်သူ များ၏ ထပ်မံသတင်းပေးပို့ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့ နံနက် အစောပိုင်းတွင် အဆိုပါကျေးရွာသို့ သွားရောက်၍ လုံခြုံရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်စဉ် ကျေးရွာဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ VAN နှင့် CANDA အမျိုး အစား မော်တော်ယာဉ် ၂ စီးပေါ်မှ ၁၀၇ မမ ရှော့တိုက်ဒုံးသီး ၅ လုံးအပါအဝင် လက်နက်မျိုးစုံ ၃၉ လက်၊ ကျည်မျိုးစုံ ၅၉၀ တောင့်၊ ခဲယမ်း၊ ဗုံးသီးမျိုးစုံ ၃၀၄ လုံး၊ ဆက်စပ် ပစ္စည်းများနှင့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက် ရှိသည်။

ဖြစ်စဉ်တွင် သိမ်းဆည်းရမိလက်နက်များနှင့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့များအနေဖြင့် အဆိုပါလက်နက်များကို ကိုင်ဆောင်၍ ဒေသခံပြည်သူများကို အနိုင်ကျင့်ဗိုလ်ကျခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအပေါ် စိတ်မထင်လျှင် မထင်သလို သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ရပ်ရွာတည်ငြိမ်အေးချမ်းအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်း ဆောင် ရွက်ပေးနိုင်ပါရန် သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)