MNP ၊ ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ မြဝတီမင်းကြီးလမ်း၊ မန္တလေး-လားရှိုး သံလမ်းဘေးတွင် လူ၁ဦးသေနတ်ပစ်ခံရကြောင်း သတင်းအရ ယနေ့ ည ၇ ၀၀ နာရီဝန်းကျင်ခန့်တွင် လုံခြုံရေးတပ်ဖွဲဝင်များမှ သွားရောက်စစ်ဆေးရာ ဒေါ်ခင်မာလာ၊ ချမ်းမြသာစည် နေသူမှ အနက်ရောက် စကိုဖီးMD/74W-74752မောင်းနှင်လာပြီး မြဝတီမင်းကြီးလမ်းအတိုင်း အရှေ့မှ အနောက်သို့ မောင်းနှင်လာစဉ် PDF အကြမ်းဖက်သမား ၃ဦး မှ သေနတ်ဖြင့် ပစ်ခတ်ပြီး လုယူသွားကြောင်း သိရသည်။
PDF အကြမ်းဖက်သမား ၃ဦးက သူမ၏ ဆိုင်ကယ်အား လုယုစဉ် အော်ဟစ်အကူအညီတောင်းခံသဖြင့် အကြမ်ဖးက်သမားများက သေနတ်ဖြင့် (၁)ချက်ခန့်ပစ်ခတ်ပြီး မောင်းနှင်ထွက်ပြေးသွားကြောင်း၊ ပစ်ခံရသူ ဒေါ်ခင်မာလာ တွင် ဝဲ ပခုံးဖောက်ထွက်ဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရပြီး အကြမ်းဖက်သမားများ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment