ဒေါ်စုထမီနားခိုပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် နိုင်ငံရေးလုပ်စားကြသူများ PDF တွေကို ခေါင်းပုံဖြတ် အမြတ်ထုတ်နေသလား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါ်စုထမီနားခိုပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် နိုင်ငံရေးလုပ်စားကြသူများ PDF တွေကို ခေါင်းပုံဖြတ် အမြတ်ထုတ်နေသလား

 



လယ်ဝေးမြို့မရဲစခန်း နှင့် MICC-II ဂိတ်(၂) ဝင်ပေါက်တို့အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့သည့် တရားခံများအား ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး (၁၆-၁၀-၂၀၂၃) ညမှာ သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် လယ်ဝေးမြို့မရဲစခန်းအား (စိစစ်ဆဲ)ကျား ၂ ဦးမှ လက်ပစ်ဗုံးဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ယင်းနေ့ညပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဉာဏအောင်မြေလမ်း၊ MICC-II ဂိတ်(၂)ဝင်ပေါက်အား (စိစစ်ဆဲ)ကျား ၃ ဦးတို့မှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့သည့် ဖြစ်စဉ်များ ဖြစ်ခဲ့ပါတယ်။


အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များမှ အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး အချိန်နှင့်တစ်ပြေးညီ နေ့/ညမပြတ် အရှိန်အဟုန်မြှင့် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ တရားမျှတမှုကို လိုလားပြီး အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ မျက်မြင် သတင်းပေးပို့ချက်များနှင့် မြေပြင်သတင်း စုံစမ်းရရှိချက်များအရ ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် လယ်ဝေးမြို့မ ရဲစခန်းနှင့် MICC-II ဂိတ်(၂)ဝင်ပေါက်တို့အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်သွားသည့် တရားခံ သက်နိုင်နှင့် အငှားယာဉ်မောင်း ရန်နိုင်ထွန်းတို့အား ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေးအနီးရှိ “ရွက်သစ်” လက်ဖက်ရည်ဆိုင်၌ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါတယ်။


ဖမ်းဆီးရမိတရားခံ သက်နိုင်၏ ထွက်ဆိုချက်အရ ယင်းနေ့ နေ့လယ် ပိုင်းတွင် တရားခံ ရဲနိုင် နှင့် အငှားယာဉ်မောင်း အိုင်ဖော့(ခ) ရန်နိုင်ဦးတို့အား  လိပ်သိုမြို့အဝင် စစ်ဆေးရေးဂိတ်၌ ထပ်မံဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ပါတယ်။ ဖြစ်စဉ်တွင် တရားခံ ၄ ဦးတို့အား ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကြောင့် ရာဇဝတ်ဘေးပြေး မလွတ်ဆိုသည့်အတိုင်း ဖြစ်စဉ်ဖြစ်ပွားပြီး ၁၀ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီး ရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံသက်နိုင်နှင့် ရဲနိုင်တို့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်း ကြုံရာကျပန်း လုပ်ကိုင်နေသူများ ဖြစ်ပြီး တရားခံပြေး ရှမ်းလေး၏ ချိတ်ဆက်ပေးမှုဖြင့် စစ်တောင်းမြို့ပြ ပြောက်ကျားအမည်ခံ အကြမ်းဖက် အဖွဲ့ခေါင်းဆောင် တရားခံပြေး ဇင်ယော်(ခ)ငှက်ဖြူ(ခ) နေလင်းနှင့် ရင်းနှီး ခဲ့ကြောင်း၊ တရားခံပြေး ဇင်ယော်(ခ)ငှက်ဖြူ(ခ)နေလင်း မှ နေပြည်တော်ကောင်စီ နယ်မြေအတွင်း အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန်အတွက် ကူညီပါဝင် ဆောင်ရွက်ပေးရန်နှင့် ငွေကြေးထောက်ပံ့ပေးမည်ဟု ပြောဆိုစည်းရုံး ခဲ့သဖြင့် ၎င်းတို့ ၂ ဦးမှ ငွေကြေးရယူလိုမှုဖြင့် သဘောတူ လက်ခံခဲ့ကြောင်း သိရပါတယ်။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀ ရက်တွင် တရားခံပြေး  ဇင်ယော်(ခ)ငှက်ဖြူ(ခ)နေလင်း မှ MICC-II နှင့် လယ်ဝေးမြို့မရဲစခန်းတို့အား ပစ်ခတ်ဖောက်ခွဲရန် လက်ပစ်ဗုံး ၂ လုံးအား ပေးခဲ့သဖြင့် သက်နိုင်၊ ရဲနိုင် နှင့် တရားခံပြေး အသေးလေး တို့မှ ကယားပြည်နယ်၊ ပဆေးလာကျေးရွာသို့ သွားရောက် ယူဆောင်ခဲ့ကြောင်း၊ ၎င်းနောက် ဇွန်လ ၁၁ ရက်တွင် လယ်ဝေးမြို့မ ရဲစခန်းနှင့် MICC-II ဂိတ်(၂)ဝင်ပေါက်တို့အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်ရန် သက်နိုင်၊ ရဲနိုင်နှင့် တရားခံပြေး အသေးလေး တို့မှ ၂ ကြိမ် သွားရောက်၍ အခြေအနေကြည့်ရှုခဲ့ကြောင်း၊ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် တရားခံပြေး ဇင်ယော်(ခ)ငှက်ဖြူ(ခ)နေလင်း၏ စေခိုင်းမှုဖြင့် သက်နိုင်၊ ရဲနိုင်နှင့် တရားခံပြေး အသေးလေး တို့ ၃ ဦးသည် လက်ပစ်ဗုံး ၂ လုံးအား ယူဆောင်၍ ဆိုင်ကယ် ၂ စီးဖြင့် လယ်ဝေးမြို့မရဲစခန်းသို့ ပစ်ခတ်ဖောက်ခွဲရန် သွားရောက်ခဲ့ပြီး  တရားခံပြေး အသေးလေးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေအား စောင့်ကြည့်၍ သက်နိုင်နှင့် ရဲနိုင်တို့ ၂ ဦးမှ လယ်ဝေးမြို့မရဲစခန်းအား လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက် ထွက်ပြေးခဲ့ကြောင်း သိရပါတယ်။


အဲဒီနေ့ ညပိုင်းတွင် သက်နိုင်၊ ရဲနိုင်နှင့် တရားခံပြေး အသေးလေး တို့ ၃ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် MICC-II သို့ သွားရောက်ခဲ့ပြီး ရဲနိုင် မှ အခြေအနေ ကြည့်ရှုပေးကာ တရားခံပြေး အသေးလေးနှင့် သက်နိုင် တို့ ၂ ဦးမှ MICC-II ဂိတ်(၂) ဝင်ပေါက်အား လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ကြောင်း၊ ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ အဆိုပါ အကြမ်းဖက် ဖောက်ခွဲမှုများအတွက် တရားခံပြေး ဇင်ယော်(ခ)ငှက်ဖြူ(ခ)နေလင်း  မှ တစ်ဦးလျှင် ငွေကျပ် ၃ သိန်း ထောက်ပံ့ပေးခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည်  နေပြည်တော်ကောင်စီနယ်မြေအတွင်း အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး ပိုက်စိတ်တိုက်စစ်ဆေး ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်နေမှုကြောင့် မနေရဲတော့ဘဲ ကယားပြည်နယ် အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ရန် လုပ်ဆောင်နေစဉ် ဖမ်းဆီးရမိခဲ့ကြခြင်း ဖြစ်ပါတယ်။


ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့က ဇော်ဝေစိုး၊ မင်းကိုနိုင်တို့ ပြည်ဖျက်မီဒီယာတွေဖြစ်တဲ့ BBC, VOA, RFA တို့မှာ အာချောင်လာကြသလို သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း လှုံ့ဆော်မှုတွေ ပြန်လည်အရှိန်မြှင့်တင်ဆောင်ရွက်လာပြီး နောက်ပိုင်းမှာ PDF အကြမ်းဖက်သမားများကလည်း ရန်ကုန် အပါအဝင် မြို့နယ်အသီးသီးမှာ အကြမ်းဖက်မှုတွေ တကျော့ပြန်အရှိန်အဟုန်မြှင့် လုပ်ဆောင်လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။


လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပိုင်းကလည်း ယခင်ကလို မဟုတ်တော့ဘဲ အကြမ်းဖက်နှိမ်နင်းရေး၊ အကြမ်းဖက်သမားများ ဖမ်းဆီးရမိမှုကို အလေးထား လုပ်ဆောင်လာပြီလို့ ယူဆရပါတယ်။ အစောပိုင်းက အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြတဲ့ အကြမ်းဖက်သမားတွေ လွတ်မြောက်နေပေမယ့် မေလနှောင်းပိုင်းနဲ့ ယခု ဇွန်လဆန်းပိုင်းမှာတော့ အကြမ်းဖက်သမားဖမ်းဆီးရမိမှုတွေ ခပ်စိပ်စိပ် မြင်တွေ့လာရတာက ကျေနပ်စရာဖြစ်ပါတယ်။


အကြမ်းဖက်သမားတွေကို ဖမ်းဆိးရမိပြီး စစ်ဆေးတဲ့အခါမှာ သူတို့ကို ကြေးစားအကြမ်းဖက်သမားများအဖြစ် အသုံးချနေတဲ့ ပြည်ပြေး ဝရမ်းပြေးများက ပေးတဲ့ ကြေးဟာ မတူညီဘဲ နှိမ်လို့ရတဲ့ ကြေးစားအကြမ်းဖက်သမားကို နှိမ်ပေးတဲ့ သဘောမျိုး၊  သူတို့ရဲ့ အကြမ်းဖက်လမ်းစဉ်မှာ အသေခံပြီး အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်ဆောင်ပေးမယ့် အကြမ်းဖက်သမားလေးတွေကို ကြေးနှုန်းအတူတူမပေးဘဲ ခေါင်းပုံဖြတ်စားထားနေကြတဲ့ သဘောကို တွေ့မြင်ရပါတယ်။


ရွှေဘိုမြို့မှာ အစိုးရရုံးဌာနတွေကို ဗုံးခွဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ပေးခဲ့တဲ့ အကြမ်းဖက်သမားကို ဗုံးတစ်ခါခွဲ ၅သောင်းပဲ ပေးတာကို တွေ့ရပါတယ်။ ရန်ကုန်မြို့ပေါ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်သမားများကိုတော့ လူတစ်ယောက် သတ်ပေးရင် ၅သိန်း၊ အခြေအနေ ကြည့်ရှုပေးသူကို ၁သိန်း ပေးတာကို တွေ့ခဲ့ရတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့က ပေးထားတဲ့ သေနတ်ကို ကိုင်ပြီး ဓားပြလိုက်တိုက်နေတဲ့ အကြမ်းဖက်သမားတွေကတော့ သိန်းရာထောင်ချီရနေတာ တွေ့ရတယ်။ ဖုန်းဆိုင်၊ ရွှေဆိုင်တွေကို ဝင်ရောက် ဓားပြတိုက်တာမျိုးဆိုတော့ သိန်းရာထောင်ချီ ရတဲ့ သဘောပေါ့ဗျာ။ ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကို ကြောက်ရတဲ့ အခြေအနေဆိုတော့ ရွှေဆိုင်တချို့ ရွှေတွေ ချခင်းပြထားတာမျိုးတောင် မတွေ့ရတော့ဘူး။ 


ဒီရက်ပိုင်းအတွင်းမှာပဲ NUG(NLD) အကြမ်းဖက်အဖွဲ့က အထူးအကြံပေး ရှောင်တာနာကို ခန့်အပ်ပြီးချိန်မှာ အခွန်ရုံးတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတာမျိုးလည်း ရှိပါတယ်။ အခွန်ရုံတွေကို ဖောက်ခွဲပေးမယ့် အကြမ်းဖက်သမားလေးတွေကိုတော့ ဗုံးတစ်ခါခွဲ (၃)သိန်းပေးသတဲ့။ နေပြည်တော်မှာ ဖောက်ခွဲတဲ့ အကြမ်းဖက်သမားတွေကိုလည်း (၃)သိန်းနှုန်းပေးတာကို တွေ့ရတယ်။


စစ်ကိုင်းတိုင်းဒေသကြီးထဲက အညာသား အကြမ်းဖက်သမားတွေကိုတော့ ဈေးနှိမ်တဲ့ သဘောမျိုးဖြစ်နေတယ်။ ခေါင်းပုံဖြတ်စားထားတဲ့ သဘောကို တွေ့ရတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေ ဒေါ်စုထမီနားခိုပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရတာ အားမရကြသေးဘူလားကွာ။ မင်းတို့တတွေဟာ ပြည်ပနိုင်ငံတွေ အဖွဲ့အစည်းတွေက ပေးသမျှ အထောက်အပံ့ကို မြို၊ လူငယ်တွေကို အကြမ်းဖက်သမားများအဖြစ် အသုံးချပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်လုပ်၊ ပြည်သူအများ ဒုက္ခရောက်မှ အူစိုတဲ့ မင်းတို့ရဲ့ ပရော်ဖက်ရှင်နယ် အလုပ်ကြီးက ကြောက်စရာကြီးပါတကား ။   ။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)