ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၊ လုပ်ငန်းခွင် အကြိုမူလတန်းဆရာအတတ်သင်တန်း PPTT (၉/၂၃) သင်တန်းသား၊ သင်တန်းသူများ အား ကြိုဆိုပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၊ လုပ်ငန်းခွင် အကြိုမူလတန်းဆရာအတတ်သင်တန်း PPTT (၉/၂၃) သင်တန်းသား၊ သင်တန်းသူများ အား ကြိုဆိုပွဲ ပြုလုပ်



MNP ၊ ဇွန် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၊ လုပ်ငန်းခွင် အကြိုမူလတန်းဆရာအတတ်သင်တန်း PPTT (၉/၂၃) သင်တန်းသား၊ သင်တန်းသူများ အား ကြိုဆိုပွဲအား ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် အဆိုပါပညာရေးဒီဂရီကောလိပ်ရှိ ပညာ့ ဗိမာန်ခန်းမ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။


တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး ကျိုင်းတုံပညာရေးဒီဂရီ ကောလိပ်အတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူသည်။ ထို့နောက် သင်တန်းသူများက ပအို့ နှင့် ဓနုရိုးရာအကများဖြင့် ကပြဖျော်ဖြေရာ ကြည့်ရှုအားပေးပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)