MNP ၊ ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော သွေးလွန်တုပ်ကွေးရောဂါအကြောင်း ကျန်းမာရေးအသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါအကြောင်း ကျန်းမာရေးအသိပညာပေး Talk Show အစီအစဉ်တွင် တာမွေ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ကမ္ဘာပေါ်တွင် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်ပုံများ၊ သွေးလွန်တုပ်ကွေး ရောဂါ၏ ရောဂါလက္ခဏာများ၊ ရောဂါဖြစ်ပွားပါက ကုသနည်းများ၊ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းမှ ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်နည်းများနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ တာမွေမြို့နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအခြေအနေများ ၊ရောဂါကြောင့် အသက်ဆုံးရှုံးခဲ့သည်အထိဖြစ်ပွားခဲ့မှု အခြေအနေများနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသေးစိတ် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Showများကို ထုတ်လွှင့်ပေးလျက်ရှိပြီး အဆိုပါ အသိပညာပေး အစီအစဉ်များကို တာမွေမြို့နယ် ပြည်သူ့စာကြည့်တိုက် လူမှုကွန်ရက်စာမျက်နှာတွင်လည်း အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိ ပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment