MNP ၊ ဇူလိုင် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က အောင်သပြေကျေးရွာ လူနေအိမ်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သွယ်သွယ်ဇင်နှင့် အဖွဲ့ဝင် များ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများပူးပေါင်းကာ မိုးတွင်းကာလပိုးလောက် လန်းမှတစ်ဆင့် ခြင်ပေါက်ဖွားမှု များပြားသဖြင့် ရေတင်ကျန် နိုင်သော ဘူး၊ ခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ရေကန်များ၊ ပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းဆောင်ရွက်ပြီး ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါအန္တရာယ်မှကင်းဝေးစေရန် ရေသိုလှောင်ကန်များ၊ ရေတိုင်ကီနှင့် ကျောက်စည်ပိုင်းများအတွင်း အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ
https://t.me/MyanmarNationalPost
No comments:
Post a Comment