တန်ဖိုးမြှင့်စား​သောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာ သင်တန်း ၄/၂၀၂၃ ဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန်ဖိုးမြှင့်စား​သောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာ သင်တန်း ၄/၂၀၂၃ ဖွင့်ပွဲ ကျင်းပ




MNP ၊ ဇူလိုင်   ၃၁

စစ်ကိုင်းတိုင်း​ဒေသကြီး အစိုးရအဖွဲ့ တိုင်း​ဒေသကြီး က​လေးအလုပ်သမားပ​ပျောက်​ရေးဆိုင်ရာ ကော်မတီ၊ ​အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး​ပေး​ရေးလုပ်ငန်း​ကော်မတီနှင့် အ​သေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပပြုလုပ်သည့် တန်ဖိုးမြှင့်စား​သောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာ သင်တန်း ၄/၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က​ ခရိုင်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။            


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကား​ပြောကြားရာ ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးပွားလာခြင်း၊ အလုပ်အကိုင်အခွင့်လမ်းများ ရရှိလာခြင်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင် လာနိုင်ခြင်းတို့​ကြောင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အ​ထောက်အကူဖြစ်​​စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး ဦးမျိုးထက်​မောင်က​ မိသားစုတစ်ပိုင်တစ်နိုင်ဖြစ်​စေ၊ အသင်းအဖွဲ့အစည်းအစုအဖွဲ့ဖြစ်​စေ၊ အ​သေးစား ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် လုပ်ငန်းမှတ်ပုံတင်ပြီး လုပ်ငန်းရှင် တစ်ဦးဖြစ် လာသည်အထိ ဆက်လက်ကူညီပံ့ပိုး​ ဆောင်ရွက်​ပေးမည်ဖြစ်​ကြောင်းနှင့် သင်တန်း​ရေးရာများကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား/သူ များနှင့် စု​ပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့​ကြောင်း သိရသည်။


အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ ဆရာ/ဆရာမ(၂)ဦးတို့က ကိတ်မုန့်၊​ပေါင်မုန့်အမျိုးမျိုး အပါအဝင် မုန့်အမျိုးမျိုး ပြုလုပ်ခြင်းများကို စာ​တွေ့၊ လက်​တွေ့ သင်ကြား​ပေးမည်ဖြစ်​​ကြောင်း၊ သင်တန်းတက်​ရောက်သူ(၂၀)ဦးရှိ​ပြီး သင်တန်းကာလမှာ ဇူလိုင်လ ၃၁ ရက်နေ့မှ ဩဂုတ်လ ၆ ရက်​​နေ့ထိ ဖြစ်​ကြောင်း သိရသည်။  


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)