ရွှေတောင်မြို့နယ်တွင် ဝန်ထမ်းများအား Biographc Data နှင့် Biometric Data ကောက်ယူခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ဝန်ထမ်းများအား Biographc Data နှင့် Biometric Data ကောက်ယူခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်






MNP ၊   ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ရွှေတောင် မြို့နယ်တွင် ဝန်ထမ်းများအား အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ (Biographic Data) နှင့် ဇီဝအချက်အလက်များ( Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို၊ ဇွန်လ(၁၉)ရက်နေ့မှ စတင်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


အဆိုပါ e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူပြီး Database အတွင်းသို့ ထည့်သွင်းခြင်း လုပ်ငန်းများကို ရွှေတောင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းထူး၏ ကြီးကြပ်မှုဖြင့် ရွှေတောင် မြို့နယ် စာရင်းကောက်ယူရေးအဖွဲ့က ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး၊ မြို့နယ်အတွင်း ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများအား ဌာနအလိုက်အလှည့်ကျ စတင်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။ 


ထိုသို့ လုပ်ငန်းဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ယူဆောင်လာစေပြီး၊ ကိုယ်ရေးအချက်အလက်များ (Biographic Data) နှင့် ဇီဝအချက်အလက်များ (Biometric Data) ကောက်ယူ၍ Database အတွင်းသို့ ထည့်သွင်းသိမ်းဆည်းပြီး၊ Unique ID နံပါတ်ပါ ကတ်ပြားများ ပြန်လည် ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါ လုပ်ငန်းကို ဆောင်ရွက် လျက်ရှိရာ ရွှေတောင်မြို့နယ်အတွင်းရှိ ဌာန(၃၁)ဌာနရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု(၂၅၀၈)ဦးအားပြုလုပ်ပေးပြီးကြောင်းသိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment