နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု


MNP ၊ ဇူလိုင် ၂၅      

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခန္တီးမြို့နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယနေ့နံနက် (၁၁)နာရီအချိန်က ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီး သက်ထူးစံ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဇော်ထိုက်တို့က ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။


ပြည်သူ့များ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျှင်မြန်လာ စေရန်၊ မြန်မာနိုင်ငံအတွင်းနေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန်၊ Online စနစ်ဖြင့်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့်အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့်အခြေခံစနစ် တည်ဆောက် ရန်အတွက်ရည်ရွယ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ခန္တီးမြို့နယ်တွင် ဇူလိုင်လ(၂၀)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ လူဦးရေ(၁၀၀)ကျော် စာရင်းရေးသွင်းပြီး ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ဦးစားပေးဆောင်ရွက်ပေးလျက်ရှိ ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခန္တီးမြို့နယ်ဦးစီးမှူး ဦးညွှန့်ဦးထံမှ သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)