ကျိုက်ထိုမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric Data)ဆက်လက်ကောက်ယူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric Data)ဆက်လက်ကောက်ယူ




MNP ၊ ဇူလိုင် ၂၆      

  မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက  (Biometric Data)အချက်အလက်စာရင်း   ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


  ကျိုက်ထိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက (Biometric Data) အချက် အလက်စာရင်း   ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများကို  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များကို ဇွန်(၂၈)ရက်နေ့မှ စတင် ကောက်ယူခဲ့ရာဇူလိုင်(၂၅)ရက်နေ့ထိ (၈၃၂)ဦးဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။


     အဆိုပါ စာရင်းကောက်ယူရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ယူဆောင်လာစေပြီး (Biometric) ဆိုင်ရာ  အချက်အလက်များ စာရင်းကောက်ယူပြီး  (Database)တွင် သိမ်းဆည်းကာ  ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကို နေ့ချင်းအပြီး ထုတ်ပေး လျက်ရှိကြောင်း သိရသည်။ 



ဝင်းမောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)