ကွန်မန်ဒို ၇ ဦး ပါဝင်သောအဖွဲ့က တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေသော ပဒက် ၇ ကောင်ကို ရှင်းလင်းပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွန်မန်ဒို ၇ ဦး ပါဝင်သောအဖွဲ့က တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေသော ပဒက် ၇ ကောင်ကို ရှင်းလင်းပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း





MNP ၊ ဇူလိုင်လ ၁၄

ပုဂံ(ညောင်ဦး) ဝန်းကျင်တွင် သာသနိက အဆောက်အဦးများကို ပစ်မှတ်ထား ဖျက်ဆီးနေသော NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမားများ လှုပ်ရှားဆောင်ရွက်နေမှုကို ယခုလအတွင်း ကွန်မန်ဒို ၇ ဦး စုဖွဲ့စေလွှတ်၍ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွန်မန်ဒို တပ်ဖွဲ့ဝင်များအနေဖြင့် ပုဂံ(ညောင်ဦး) အနီးဝန်းကျင်တွင် လှုပ်ရှားနေသော NLD အစွန်းရောက် နီပိန်း PDF အကြမ်းဖက်သမား (၇)ဦး ကို အသေဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရယူနိုင်ခဲ့ကြောင်း သိရသည်။

NLD အစွန်းရောက် နီပိန်းများအနေဖြင့် ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ ခိုင်းစေမှုများကို လိုက်ပါလုပ်ဆောင်လျက်ရှိပြီး NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်တွင် အနောက်အုပ်စု၏ ပံ့ပိုးမှုဖြင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေသော NUG, PDF အကြမ်းဖက်အဖွဲ့များကို အသိအမှတ်မပြုကြောင်း သူမ၏ သဘောထားကို ပြောဆိုခဲ့သည်။

နိုင်ငံတော်အစိုးရမှ အကြမ်းဖက်မှုများ လျော့ပါးစေရန် PDF အပါအဝင် လက်နက်ကိုင်အဖွဲ့များအတွင် ရောက်ရှိနေသူများ လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ပါက လက်နက်အမျိုးအစားပေါ်မူတည်၍ ဆုငွေများ ချီးမြှင့်ပေးလျက်ရှိပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာခြင်း မရှိဘဲ အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေသူများကို ဖော်ထုတ် ရှင်းလင်းဆောင်ရွက်လျက်ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)