ပုဏ္ဏားကျွန်းမြို့နယ်၌ ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးရန်၊ ထောက်ပံ့ပစ္စည်းများ လက်ခံရရှိခြင်း ရှိ/မရှိ နှင့်လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်၌ ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးရန်၊ ထောက်ပံ့ပစ္စည်းများ လက်ခံရရှိခြင်း ရှိ/မရှိ နှင့်လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်






MNP ၊ ဇူလိုင် ၁၄

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော ကျေးရွာအုပ်စုများအား ပြန်လည် ထူထောင်ရေးဆောင်ရွက်ပေးရန်၊ ထောက်ပံ့ထားသောပစ္စည်းများ လက်ခံရရှိခြင်း ရှိ/မရှိနှင့်လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများ ဦးဆောင်၍ ယမန်နေ့၊ နံနက်(၉)နာရီက သာစည်ကျေးရွာနှင့်လက်ဝဲစာတိုက်ကျေးရွာများသို့ ကွင်းဆင်း ဆောင် ရွက်ခဲ့ကြောင်းသိရသည်။


   ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းက သာစည်ကျေးရွာဘုန်းတော်ကြီးကျောင်းတိုက်နှင့် လက်ဝဲစာတိုက်ဘုန်းတော်ကြီးကျောင်းတွင်  ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ကျေးရွာများကို နိုင်ငံတော်အစိုးရမှ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ထောက်ပံ့ထားသောပစ္စည်းများအား လက်ခံရရှိခြင်း ရှိ/မရှိ တို့ကို စစ်ဆေးမေးမြန်းခဲ့ပြီး၊ မိမိတို့ကျေးရွာများတွင် ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် လိုအပ်ချက်များကို ပြန်လည်တင်ပြပေးကြရန်ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာန၊ မြို့နယ်ပညာရေးဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့စသည့် ဌာနဆိုင်ရာအကြီး အကဲများက မိမိတို့ဌာနအလိုက်ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ချပြ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြသည်။


  ထိုနောက်တက်ရောက်လာကြသည့်ကျေးရွာနေပြည်သူများ၏ မေးမြန်းတင်ပြချက်များ အပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင် ရာဌာနများအလိုက် တာဝန်ရှိသူတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြပြီး၊ အစည်းအဝေးတက်ရောက်လာကြသည့် ကျေးရွာသား များကို ရွှေဝါဆပ်ပြာတောင့်များ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)