ကျောက်ဆည်မြို့နယ် စိမ်းလန်းစိုပြည်ရေးစီးဌာနမှ ဒေသအတွင်း စိမ်းလန်းစိုပြည်ရေးအတွက် ကျေးရွာသုံး၊ တောင်တန်း၊ အခြားနှင့် တစ်အုပ်တစ်မစိုက်ခင်းများတွင် ပျိုးပင်များစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် စိမ်းလန်းစိုပြည်ရေးစီးဌာနမှ ဒေသအတွင်း စိမ်းလန်းစိုပြည်ရေးအတွက် ကျေးရွာသုံး၊ တောင်တန်း၊ အခြားနှင့် တစ်အုပ်တစ်မစိုက်ခင်းများတွင် ပျိုးပင်များစိုက်ပျိုး



MNP ၊   ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်သစ်တောဦးစီးဌာနမှ ဒေသအတွင်း စိမ်းလန်းစိုပြည်ရေးအတွက် ပျိုးပင်ပေါင်း(၆၉၇၉၈)ပင် ပျိုးထောင်ထားရှိပြီး ရဒါန်းချောင်းဆုံ သစ်ကြိုးဝိုင်းတွင် ကျေးရွာသုံး ထင်းစိုက်ခင်း၊ တောင်တန်းစိုက်ခင်း၊ အခြားစိုက်ခင်းနှင့် တစ်အုပ်တစ် စိုက်ခင်းများတွင် ပျိုးပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။


ထိုသို့စိုက်ပျိုးရာတွင် ကျေးရွာသုံးထင်းစိုက်ခင်းအဖြစ် ရဒါန်းချောင်းဆုံ၊ အကွက်အမှတ်(၂၁)၊ (၂၅)ဧက တွင် မဲဇလီ(၄၈၆၀)ပင်၊ ယူကလစ် (၄၃၂၀)ပင်၊ သင်္ဘောကုက္ကို(၄၃၂၀)ပင်၊ တောင်တန်းစိုက်ခင်းအဖြစ် အကွက် အမှတ်(၂)၊ (၃၀)ဧကတွင် တမာ(၄၀၃၀)ပင်၊ ယူကလစ်(၄၀၃၀)ပင်၊ သင်္ဘောကုက္ကို(၄၀၃၀)ပင်၊ အခြားစိုက်ခင်း အဖြစ် အကွက်အမှတ်(၂)၊ (၂၅)ဧကတွင် မဲဇလီ(၉၆၈၀)ပင်၊ ဖျောက်ဆိပ်(၆၀၅၀)ပင်၊ ယူကလစ်(၉၀၇၅)ပင်၊ သင်္ဘောကုက္ကို(၅၄၄၅)ပင် စိုက်ပျိုးခဲ့ကြောင်းနှင့် အထူးစိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်းအဖြစ် ရဒါန်းချောင်းဆုံ(မြောက်) ကြိုးဝိုင်တွင် တစ်မာ(၃၀၁၀)ပင်၊ ဖျောက်ဆိပ် (၃၆၃၀)ပင်၊ ဒဟတ်(၃၆၃၀)ပင်၊ ယင်းမာ(၃၆၃၀)ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ်စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာသုံးထင်းစိုက်၊ တောင်တန်း စိုက်ခင်း၊ အခြားစိုက်ခင်းနှင့် တစ်အုပ်တစ်မစိုက်ခင်းများအပြင် ဘက်စုံသုံးစိုက်ခင်းအဖြစ် ချောင်းဆုံ ကျေးရွာတွင် ယူကလစ်(၆၈၀)ပင်၊ သင်္ဘောကုက္ကို(၆၈၀)ပင်၊ တစ်အိမ်ထောင်ကျွန်း (၃)ပင်နှင့် သစ်မာ(၂၀)ပင် စိုက်ခင်း အဖြစ် သပြေတော ကျေးရွာတွင် ကျွန်း(၃၆၀)ပင်၊ ယူကလစ်(၇၂၀၀)ပင်၊ ပြည်သူဗဟိုပြုစိုက်ခင်းအဖြစ် ကျောက်ဆောက်ကုန်း ကျေးရွာတွင် ယူကလစ်(၃၀၀)ပင်၊ သင်္ဘောကုက္ကို (၅၀၀)ပင်၊ ပိတောက်(၂၀၀)ပင် စိုက်ပျိုးခဲ့ကြောင်းသိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)