ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံး နှင့် ကဗျာပြိုင်ပွဲများ ယှဉ်ပြိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံး နှင့် ကဗျာပြိုင်ပွဲများ ယှဉ်ပြိုင်



MNP ၊ ဇူလိုင် ၁၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို  စာစီ စာကုံး နှင့် ကဗျာပြိုင်ပွဲများကို ယ‌မန်နေ့ နံနက် ၉ နာရီအချိန် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း တွင် ကျင်းပ ပြုလုပ်ခဲ့သည်။


အဆိုပါ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို  စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား/သူ (၃၁)ဦးတို့မှ “လေးမြတ်ဂုဏ်ရည် အာဇာနည်” ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ အ လယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်   ကျောင်းသား/သူ (၂၃)ဦးတို့မှ “မမေ့စဉ်လာ အာဇာနည်နေ့ အချိန်အခါ” ခေါင်း စဉ်ဖြင့် လည်းကောင်း ၊ အထက်တန်းအဆင့်ကဗျာပြိုင်ပွဲတွင် ကျောင်းသား/သူ (၂၁)ဦးတို့မှ “သမိုင်းမော်ကွန်းတည် ကိုးဦး အာဇာနည်” ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ကျောင်းသား/သူ (၂၁)ဦးတို့မှ “အာ ဇာ နည် မြတ်မမေ့အပ် ခေါင်းစဉ်များဖြင့်ဝင်ရောက် ယှဉ် ပြိုင်ခဲ့ကြကြောင်းသိရသည်။


သက်လွင်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)