MNP ၊ ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စည်ပင်သာယာ မြို့မစျေးအတွင်း ယမန်နေ့ နံနက် ၁၁ နာရီက စားသုံးဆီအမျိုးမျိုး ကုန်အညွန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာ အခြားဘာသာတစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြထားခြင်းရှိ၊ မရှိ ကြိုတင်စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့သည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ ဦးရဲမင်းထွန်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးဝင်း နှင့် ဝန်ထမ်းများ မိတ်ဖက်ဌာနဆိုင်ရာများ ပူးပေါင်း၍ မြို့မစျေးအတွင်း စားသုံးဆီအမျိုးမျိုး ကုန်အညွန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာ အခြားဘာသာတစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြထားခြင်း ရှိ၊ မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း
https://t.me/MyanmarNationalPost

No comments:
Post a Comment