ကျိုက်ထိုမြို့၌ သံဃနာယကနှင့် ဝိနည်းဓိုရ်ဗဟိုအဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့၌ သံဃနာယကနှင့် ဝိနည်းဓိုရ်ဗဟိုအဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်





MNP ၊ ဇူလိုင် ၁၂

မွန်ပြည်နယ် ၊ကျိုက်ထိုမြို့နယ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ နဝမအကြိမ်မြောက် သံဃနာယကနှင့် ဝိနည်းဓိုရ်ဗဟိုအဆင့် ဆင့်ပွားသင်တန်းကို ဇူလိုင်(၁၂)ရက် နံနက် ၈ နာရီက ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားဓမ္မာရုံ၌ ဖွင့်လှစ်သည်။


ရှေးဦးစွာ တက်ရောက်လာကြသည့် ဆရာတော်ကြီးများက နမောတဿ သုံးကြိမ် ရွတ်ဆို၍ နိုင်ငံတော်သံဃနာယကအဖွဲ့ဗဟိုမှ ဆရာတော် ဘဒ္ဒန္တနန္ဒဝံသမှ အဖွင့်စကားမြွက်ကြားပြီး  ပြည်နယ်သံဃနာယကအဖွဲ့မှ ဆရာတော်ကြီးများက ဝိနည်းဓမ္မကောက်နုတ်ချက်များ၊ ညွှန်ကြားလွှာများ၊ ဝိနည်းဓမ္မကံ ကာကွယ်စောင့်ရှောက်ရေးဥပဒေနှင့် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေ အကြောင်းအရာများကို သင်ကြားပို့ချပေးမည်ဖြစ်သည်။


အဆိုပါသင်တန်းကို ဇူလိုင် ၁၂ ရက်နေ့မှ ၁၃ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ရာ  မြို့ နယ်သံဃနာယကအဖွဲ့၊ ရပ်/ကျေး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင်သံဃာ ၁၀၉ ပါး သင်တန်း တက်ရောက်ပြီး သင်တန်းကာလအတွင်း ဆရာတော် /သံဃာတော်ကြီးများအား ဆွမ်းဆက်ကပ်ရေးကိစ္စများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မှ ကြီးကြပ်၍  အလှူရှင်များနှင့်တာဝန်ရှိသူများက စီစဥ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။


ဝင်းမောင်

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)