မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင်အခမ်းအနားတက်ရောက်ရန် ပြည်ပမှ ကြွရောက်လာသော ဆရာတော်များကို သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ နွေးထွေးစွာကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင်အခမ်းအနားတက်ရောက်ရန် ပြည်ပမှ ကြွရောက်လာသော ဆရာတော်များကို သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ နွေးထွေးစွာကြိုဆို








MNP ၊ ဇူလိုင် ၂၉

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင်အခမ်းအနားတက်ရောက်ရန် အိန္ဒိယနိုင်ငံနှင့် နီပေါလ်နိုင်ငံမှ ဆရာတော်များကို ယမန်နေ့က မြန်မာနိုင်ငံသို့ ကြွရောက်လာခဲ့ကြသည်။ 

အိန္ဒိယနိုင်ငံနှင့် နီပေါလ်နိုင်ငံမှ ကြွရောက်တော်မူလာသော ဆရာတော်များကို ကျေးဇူးရှင်အဘိဓဇမဟာရဋ္ဌဂုရု သောဠသမရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ နွေးထွေးစွာကြိုဆိုခဲ့သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင်အခမ်းအနားကို ပြည်တွင်း ပြည်ပမှ သံဃာတော် အပါး ၉၀၀ ပင့်ဖိတ်ထားပြီး တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ သီရိလင်္ကာ၊ နီပေါလ်နိုင်ငံများမှ ဆရာတော်သံဃာတော်များကို ပင့်ဖိတ်ထားခြင်းဖြစ်သည်။

ကမ္ဘာပေါ်ရှိ ထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိမှုကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက် ဖြစ်စေရန်၊ နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာ ယာမှုဖြစ်စေရန် စသည့်ရည်ရွယ်ချက်(၄)ရပ်ဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်ကို ကိုးကွယ်သည့် နိုင်ငံတစ်ခုဖြစ်ပြီး ဝိနည်း တော်များနှင့်အညီ လိုက်နာကျင့်သုံးသည့် ဗုဒ္ဓဘာသာနိုင်ငံတစ်ခုဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင် ထေရဝါဒဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ခိုင်မာသော အခြေခံရှိခြင်းကြောင့် ထေရဝါဒဗုဒ္ဓဘာသာ မိမိတို့နိုင်ငံတွင် ခိုင်မာမှုရှိခြင်းကို ပြသနိုင်ရန်အတွက် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချ မဟာမင်္ဂလာ အခမ်းအနားများကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆို လပြည့်နေ့ (ဓမ္မစကြာနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် နိုင်ငံတော်အဆင့် ခမ်းနားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)