စိုက်ပျိုးမြေများကို အခြားနည်းများဖြင့်သုံးစွဲနေမှုများကို ဥပဒေနှင့်အညီ စိစစ်ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထပ်မံပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးမြေများကို အခြားနည်းများဖြင့်သုံးစွဲနေမှုများကို ဥပဒေနှင့်အညီ စိစစ်ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထပ်မံပြောကြား



MNP ၊ ဇူလိုင် ၁၃

 ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃)ကို ယနေ့ မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စိုက်ပျိုးမြေများကို အခြားနည်းများဖြင့်သုံးစွဲနေမှုများကို ဥပဒေနှင့်အညီ စိစစ်ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း  ထည့်သွင်းပြောကြားသွားသည်။


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က စိုက်ပျိုးမြေများအသုံးချမှုနှင့် ပတ်သက်၍လည်း လယ်ယာမြေဥပဒေနှင့် ကိုက် ညီမှုမရှိသည်ကို တွေ့ရှိရကြောင်း၊ လယ်မြေကို အခြားသီးနှံစိုက်ပျိုးခွင့်ပေးခြင်းကို ဗဟို အဖွဲ့မှသာ ခွင့်ပြုပေး၍ရပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ခွင့်ပြုပေး၍မရကြောင်း၊ လယ်ယာမြေ၌ အခြားသီးနှံစိုက်ပျိုးခွင့် ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ခွင့်ပြုပေး၍ ရကြောင်း၊ သို့သော်လည်း အခြားလုပ်ငန်းပြောင်းခွင့်ကိုမူ ဗဟိုအဖွဲ့မှပင် ဆောင်ရွက် ပေး၍ရကြောင်း၊ လယ်ယာမြေများကို အသုံးချရာတွင် စိုက်ပျိုးခြင်းလုပ်ငန်းများ ကိုဆောင်ရွက်ခြင်းမပြုဘဲ အဆောက်အဦများဆောက်လုပ်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် သုံးစွဲလျက်ရှိခြင်းကြောင့် နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမြေများကို အခြားနည်းများဖြင့်သုံးစွဲနေမှုများကို ဥပဒေနှင့်အညီ စိစစ်ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် လယ်ယာမြေ၏ မူရင်းပိုင်ရှင်သည် နိုင်ငံတော်ပင်ဖြစ်ပြီး ဥပဒေ ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဂဃနဏ သိရှိနားလည်ရန်လိုကြောင်း၊ ဥပဒေကို ချိုးဖောက် ပါက ထိုက်သင့်သည့် အရေးယူဆောင်ရွက်ခြင်းကို ခံယူရမည်ဖြစ်ကြောင်း၊ စိုက်ပျိုး မြေများတွင် အပြည့်အဝစိုက်ပျိုးရန်လို အပ်မည်ဖြစ်ကြောင်း။


ဝန်ကြီးဌာနများအနေဖြင့်လည်း ဝန်ကြီးဌာနပိုင် အဆောက်အဦများ၊ မြေများ နှစ်ရှည်ငှားမည်ဆိုပါက အစိုးရထံ မူအားဖြင့် သဘောတူညီမှုယူရမည်ဖြစ်ပြီး နှစ်ရှည်ကိစ္စဖြစ်ပါက MIC သို့ ခွင့်ပြုချက်တင်ရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ပြီး မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကာလတိုငှားရမ်းခြင်းများကို လုပ်ပိုင်ခွင့်အဖြစ်ပေးထားခြင်းမဟုတ်သော်လည်း လုပ်ဆောင်မည်ဆိုပါက ဆောင်ရွက်၍ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းလုပ်ဆောင်မှုများ ပြောင်းလဲမည် ဆိုပါကလည်း တင်ပြရန်လိုကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများ အနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများကို ဥပဒေပြဋ္ဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် ပြောကြားသည်။


နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များတွင်လည်း စိုက်ပျိုးမြေများကို ဥပဒေနှင့်အညီ အသုံးပြုရန် အခြားနည်းသုံးစွဲခွင့် ခွင့်ပြုထားခြင်း မရှိဘဲ သုံးစွဲနေမှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန် အကြိမ်ကြိမ် ပြောဆိုခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)