အကျပ်အတည်းဖြေရှင်းရေးအတွက် တူရကီက ယူကရိန်းထံ အဆိုပြုချက်တင်သွင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကျပ်အတည်းဖြေရှင်းရေးအတွက် တူရကီက ယူကရိန်းထံ အဆိုပြုချက်တင်သွင်း


အစ္စတန်ဘူလ်၊ ဇူလိုင် ၂၅

ယူကရိန်းအကျပ်အတည်းကို ဖြေရှင်းဖို့ တူရကီက အဆင်သင့်ရှိနေပြီး ဒီကိစ္စနဲ့ပတ်သက်၍ အဆိုပြုချက်တွေကို ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီးထံ တင်သွင်းခဲ့တယ်လို့ တူရကီသမ္မတ ရီဆက်ပ်တေယစ်အာဒိုဂန်က ဗွီဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ဇူလိုင်လ ၇ ရက်နေ့က အစ္စတန်ဘူလ်တွင် ဇလန်စကီး နှင့် တွေ့ဆုံခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ အထူးသဖြင့် ရက်ပေါင်း ၅၀၀ ကျော် ဖြစ်ပွားနေသည့် စစ်ပွဲနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ အဆိုပြုချက်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ဤလမ်းကြောင်းပေါ် မူတည်၍ အရာအားလုံးကို လုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့ကြောင်း တူရကီခေါင်းဆောင် က ပြောကြားခဲ့သည်။

ဇူလိုင်လ ၂၁ ရက်နေ့တွင် အာဒိုဂန် နှင့် ဇလန်စကီး တို့သည် ယူကရိန်းတွင် ပြေလည်အောင်ဆောင်ရွက်ရန် အလားအလာများကို ဖုန်းဖြင့်စကားပြောဆိုခဲ့ကြသည်။ အာဒိုဂန်၏ အဆိုပြုချက်အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။


Ref - TASS

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)