MNP ၊ ဇူလိုင် ၁၉
တပ်မတော်(လေ)အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ်သည့်ပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာနက ပေးပို့သည့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစု များက လှူဒါန်းသည့် အိမ်ထောင် ပရိဘောဂပစ္စည်း ၁.၃ တန်အား ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်(လေ)မှ လေယာဉ်ဖြင့် ပို့ဆောင် ပေးခဲ့ပါသည်။
သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့် အချိန်နှင့်တစ်ပြေးညီ ပို့ဆောင် ပေးလျက်ရှိရာ ယနေ့အချိန်ထိ ထောက်ပံ့ရေးပစ္စည်း ၅၇၇ တန်၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက် ပေးကြမည့် တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း ၃၅၈၈ ဦးတို့အား ပို့ဆောင်ပေးနိုင်ခဲ့ကြောင်းနှင့် လေဆိပ်များသို့ ရောက်ရှိသည့် ကယ်ဆယ်ရေးပစ္စည်းများအား မုန်တိုင်းဒဏ်သင့်ဒေသများသို့ ရဟတ် ယာဉ်များဖြင့် ဆက်လက်ပေးပို့ ဖြန့်ဖြူးလျက်ရှိကြောင်းနှင့် အဆိုပါ တပ်မတော်လေယာဉ်/ရဟတ်ယာဉ် များဖြင့် ပို့ဆောင်ပေးလျက်ရှိသော ပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူပေးကြ ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment