MNP ၊ ဇူလိုင် ၂၉
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မိုးရာသီကာလ ခြင်ကြောင့်ဖြစ်သော သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်၉နာရီက ကမ်းနားရပ်ကွက်နှင့်ရန်အောင်မြင်ရပ်ကွက်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်ဟိန်းနှင့်ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောမင်းနှင့်ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များကသွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက်ကမ်းနားရပ်ကွက်နှင့်ရန်အောင်မြင်ရပ်ကွက်ရှိနေအိမ်များတွင် ထားရှိသည့်ရေစည်ပိုင်း၊ ရေတိုင်ကီ၊ စဥ့်အိုးများ နှင့် ခြင်ခိုအောင်းနိုင်သော ရေတွင်းရေကန်များတွင် ခြင်လောက်လန်းများမပေါက်ပွားစေရန်အဘိတ်ဆေး များခတ်ပေးခြင်း၊
နေအိမ်များရှိ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် များပြုလုပ်ပေးခြင်းနှင့် ရေတွင်းရေကန်များအား စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့
ကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost




No comments:
Post a Comment