(၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ် စွမ်းရည်ပြိုင်ပွဲများပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ် စွမ်းရည်ပြိုင်ပွဲများပြုလုပ်


MNP ၊   ဇူလိုင် ၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်၊ နေ့ထူး နေ့မြတ်များကို အစဉ်အမြဲ အောက်မေ့အမှတ်ရစေရန်နှင့် စာအုပ်စာပေများမှ ရရှိသော စာပေ၏ အကျိုးကျေးဇူးအကြောင်းများ သိရှိစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်  ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကလေးငယ်များအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူး နေ့မြတ်များကို ကျောင်းသား/ ကျောင်းသူများအနေဖြင့် အစဉ်အမြဲ အောက်မေ့စေရန်၊ နေ့ထူး နေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတပါရရှိ၍ ဉာဏ်ရည် ဉာဏ်သွေးမြင့်မားလာစေရန်၊ လူအများနှင့် ပြောဆိုရာတွင် ပြောရဲသည့် အလေ့အကျင့်များရှိစေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် လိပ်သိုမြို့ အမှတ်(၃) ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းမှ မူလတန်း အဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် Grade-4 ကျောင်းသူ မမြူနှင်းခန့်က  “ သစ်ပင်တွေကို မခုတ်ပါနဲ့ ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် Grade-4 ကျောင်းသား မောင်ကောင်းထက်ဇော်က  “ကျောင်းသွားဖော်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာဖတ်စွမ်းရည် ပြိုင်ပွဲတွင် Grade-4 ကျောင်းသူ မနှင်းဧကရီအောင်က စည်းကမ်းတွေကို မကြိုက်တဲ့ ဒီဒီ ခေါင်းစဉ်ဖြင့် လည်းကောင်း ကျောင်းသား/ကျောင်းသူ (၁၅)ဦးတို့မှ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့ဦးစီးမှူးက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး အဟာရမုန့်များဖြင့် ကျွေးမွေးဧည့်ခံခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ခင်လေးနွယ် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)