MNP ၊ ဇူလိုင် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မေတ္တာဘေရီမူကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ဝါဆိုသင်္ကန်းဆက်ကပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ဧည့်ပရိသတ်များ၊ ကျောင်းသား၊ ကျောင်းသူလေးများက ငါးပါးသီလဆောက်တည်ကာ ကျောင်းထိုင်သင်တန်းကျောင်းတိုက်အတွက် အလှူတော်ငွေ ခုနှစ်သိန်းကျပ်ကို ဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသော သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားနာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်ပရိသတ်များကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
စိုင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment