Pages

Pages

ဗိုလ်ချုပ်စိုးနိုင်ဦး ပုလဲရတနာဘုန်းတော်ကြီးကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ လှူဘွယ်ဝတ္ထုများလှူဒါန်း





MNP ၊ ဇူလိုင် ၁၄

သံတွဲမြို့၌ လေဘေးသင့်ဒေသများအားပြန်လည်ထူထောင်ရေး ဆောင်ရွက်ရန် တာဝန် ပေးအပ်ထားသည့် ဗိုလ်ချုပ်စိုးနိုင်ဦး သည်တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီက ငပလီမြို့၊ ပုလဲရတနာဘုန်းတော်ကြီးကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်၍ လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရှိရသည်။


ဗိုလ်ချုပ်စိုးနိုင်ဦးနှင့်အဖွဲ့သည် ပုလဲရတနာပရိယတ္ထိစာသင်တိုက် ပဓာနနာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဣန္ဒာစာရ အားဖူးမြော်ကြည်ညိုပြီး ဘုန်းတော်ကြီးကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အတွက် ဆန်(၆)အိတ်၊ ဆီပိသာ(၅၀)၊ ကော်ဖီ(၃)ဖာ၊ ခေါက်ဆွဲခြောက်(၂၀)ဖာနှင့် ရေသန့်(၅၀)ကဒ်တို့ကို ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြသည်။


ဆက်လက်၍ ဗိုလ်ချုပ်စိုးနိုင်ဦး သည်တာဝန်ရှိသူများနှင့်အတူ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းရှိ ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ အားပေးစကားပြောကြားခဲ့ကြသည်။ အဆိုပါ ကျောင်းတွင် အနယ်နယ် အရပ်ရပ်မှ လာရောက် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ ( ၁၆၂၅)ဦးရှိကြောင်း ဆရာတော်ထံမှ သိရှိရ သည်။


သန့်ဇင်

https://t.me/MyanmarNationalPost




No comments:

Post a Comment