Pages

Pages

ဘူးသီးတောင်မြို့၌ "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပြတ်တောက်သွားသောလျှပ်စစ်မီးများပြန်လည်ရရှိ၍ပြည်သူများစိတ်ချမ်းမြေ့ပျော်ရွှင်လျက်ရှိ





MNP ၊ ဇူလိုင် ၁၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ မေလ(၁၄)ရက်နေ့က တိုက်ခတ်ခဲ့သည့် "မိုခါ"ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်ရှိမြို့ရွာအချို့တွင် လျှပ်စစ်မီးများပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ရာ ထိုပြတ်တောက်သွားသော လျှပ်စစ်မီးများကိုဘူးသီးတောင်မြို့၌ ယမန်နေ့ နေ့လယ် (၁၁း၂၃)အချိန်က ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ပြန်လည်ပြီး လျှပ်စစ်မီးများရရှိခြင်းဖြစ်ကြောင်း သိရသည်။


ရခိုင်ပြည်နယ်တွင် မေလ(၁၄)ရက်နေ့က တိုက်ခတ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်များတွင် လျှပ်စစ်ဓာတ်တိုင်များပြိုလဲပျက်စီးခဲ့ပြီး လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့ရသည်။


ထိုသို့ ပြတ်တောက်သွားသည့် လျှပ်စစ်မီးများ ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ပြည်မဘက်နှင့်ရခိုင်ပြည်နယ်သို့ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများပူးပေါင်းပြီး ပျက်စီးသွားသည့်လျှပ်စစ်ဓါတ်တိုင်များကို အမြန်ဆုံးစနစ်တကျပြန်လည် ပြုပြင်ဆောင်ရွက်ခဲ့သည်။


ဘူးသီးတောင်မြို့တွင် "မိုခါ"မုန်တိုင်းကြောင့် ပျက်စီးသွားသည့်မြို့ပေါ် (၇)ရပ်ကွက်၊ ကျေးရွာ(၂၂)ရွာအတွင်းပြုပြင်ပြီးစီး၍ ထရမ်စဖော်မာ(၇၅)လုံးရှိ မီးသုံးစွဲသူ(၅၂၇၃)ဦးအား ယမန်နေ့ နေ့လယ် ၁၁ နာရီ ၂၃ မိနစ်အချိန်မှစ၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာဖြင့် လျှပ်စစ်ဓါတ်အားများဖြန့်ဖြူးပေးလျက်ရှိကြောင်း မြို့နယ်လျှပ်စစ်ရုံးမှသိရသည်။ လျှပ်စစ်မီးပြန်လည်ရရှိမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုတိုးတက်လုပ်ကိုင်နိုင်မည်ဖြစ်၍ပြည်သူများစိတ်ကြည်နူးဝမ်းသာပျော်ရွှင် နေကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment