Pages

Pages

စုကလိမြို့တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ


MNP ၊ ဇူလိုင် ၁၄

ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် ၇၆ နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲအား ယမန်နေ့ ညနေပိုင်းအချိန်က စုကလိမြို့ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က စုကလိ)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက် - ၃ ဒေါ်ပိုပိုအောင်က အာဇာနည်နေ့ ပေါ်ပေါက်လာပုံအကြောင်း၊ ယနေ့လူငယ်များအနေဖြင့် မိမိတို့အတွက်လွတ်လပ်ရေး အရယူပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး ၈ ဦးတို့၏ အတ္ထုပ္ပတိများအကြောင်း၊ လုပ်ကြံခံရပြီးနောက် မြန်မာနိုင်ငံအခြေအနေတို့ကို ကျောင်းသားလူငယ်များအား အသိပညာဗဟုသုတရရှိစေရန် ဟောပြော ပေးခဲ့သည်။


ဆက်လက်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်ပြဘုတ်များအား ကျောင်းသူ/ကျောင်းသားများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး အခမ်းအနားကို ညနေ ၄ နာရီတွင် ရုပ်သိမ်းခဲ့သည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများအား အသိပညာပေးဟောပြောပွဲများအားဦးစီးဌာန၏ လုပ်ငန်းတစ်ရပ်အနေဖြင့် မြန်မာနိုင်ငံ၏သမိုင်းဝင်နေ့များတွင်သော်လည်းကောင်း၊ အသိပညာပေးချက်များ ဆောင်ရွက်ရမည့်အချိန်များတွင် လစဥ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


ပိုပိုအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment