Pages

Pages

ပေါက်တောမြို့ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်( Talk Show) ပြုလုပ်




MNP ၊ ဇူလိုင် ၁၄

ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show) ကို ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ကြသည်။


အဆိုပါ (Talk Show) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show)  ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။


ထို့နောက် Book Club အဖွဲ့ဝင် မောင်ခန့်စည်လင်း နှင့် မောင်ခန့်စည်ဝင်း တို့က အာဇာနည် စိတ်ဓာတ် နှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊အာဇာနည် ခေါင်းဆောင်ကြီး(၉)ဦး၏ အမိုင်းအကြောင်းအရာများ၊ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွအာဇာနည် ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများ စသည့်အကြောင်းအရာများကို ဆွေးနွေးကြသည်။


ဝင်းမင်းစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment