အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)သို့ လာရောက်မည့် မိဘပြည်သူများလိုက်နာဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံပန်ကြားခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)သို့ လာရောက်မည့် မိဘပြည်သူများလိုက်နာဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံပန်ကြားခြင်း




- ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာ အမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ ပန်းစည်း/ ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့်ကော်ပိုက်/ သံပိုက်များ ယူဆောင်၍ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)အတွင်းသို့ ဝင်ရောက်ခွင့် မပြုပါ။


- လာရောက်သူများအားလုံး နှာခေါင်းစည်း (Mask) များ မပျက်မကွက်စနစ်တကျတပ်ဆင်ရန်။


- သတ်မှတ်ပေးထားသော နေရာများတွင် စနစ်တကျလက်ဆေး ခြင်း၊ အသင့်စီစဉ်ပေးထားသော Hand Sanitizer သုတ်လိမ်း ခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ဝင်ရောက်ရန်။


- ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းနှင့် မဟာဗန္ဓုလလမ်းဆုံ၊ သိမ်ဖြူလမ်းနှင့် အနော်ရထာ လမ်းဆုံတို့တွင် ယူဆောင်ခွင့် မပြုသော ပစ္စည်း(၁၀)မျိုး စစ်ဆေးခြင်း၊ အတွင်းဝန်ရုံး (ဝန်ကြီးများရုံး) ဝင်ပေါက်တွင် ကိုယ်အပူချိန်တိုင်းတာခြင်းအပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများနှင့်အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်၊ နေရပ်လိပ်စာ၊ တယ်လီ ဖုန်းနံပါတ်စသည်တို့ကို ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းရန် (နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) ဝန်ထမ်းကတ် (သို့မဟုတ်) ကျောင်းသားကတ် (သို့မဟုတ်) ကိုယ်ရေးအချက်အလက်စိစစ်နိုင်သည့် အသိအမှတ်ပြုကတ်ပြား) ယူဆောင်လာပါရန်။


- ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော Social/Physical Distancing နှင့်အညီ ရှေ့နောက်၊ ဘေးတိုက်အကွာ အဝေးများကို (၆)ပေအကွာအဝေးအတိုင်း လိုက်နာနိုင်ရန်နှင့် နေရာများအလိုက် တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုကို ပူးပေါင်းပါဝင်ရန်။


- ကိုယ်အပူချိန်မြင့်ခြင်း (အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/၁၀၀.၄ ဒီဂရီဖာရင်ဟိုက်)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်းအပါအဝင် သံသယဖြစ်ဖွယ်လက္ခဏာများ စစ်ဆေးတွေ့ရှိရပါက သက်ဆိုင်ရာ၏ အကြံပြုချက် အတိုင်း လိုက်နာဆောင်ရွက်ရန်။


- အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)တွင် တာဝန်ထမ်းဆောင် နေကြသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုနှင့်အညီ လိုက်နာဆောင်ရွက်ရန်။


- အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)သို့ လာရောက်လေ့လာ သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး (၆)ပေခြား၍စီတန်းပြီး ပြတိုက်အတွင်း ခွင့်ပြုသည့်အရေအတွက်အတိုင်း ဝင်ရောက် လေ့လာရန်နှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေခြားဖြင့်သာ ပြန်လည် ထွက်ခွာရန်။


- ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေး နေသည့် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအသိပေးချက်၊ သတိပေးချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရန်။


- သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများနေဖြင့် လုံးဝ(လုံးဝ) လာရောက်ခြင်း မပြုရန်။ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း စသည့်ရောဂါလက္ခဏာများ ဖြစ်ပွားနေပါက လုံးဝ(လုံးဝ) လာရောက်ခြင်းမပြုရန်။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)