အမ်းမြို့‌နယ်၌ ခရိုင်/မြို့နယ်ဌာနဆိုင် ရာနှ့င့်မြို့မိမြို့ဖတို့ပူပေါင်၍ဝါဆို သ င်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့‌နယ်၌ ခရိုင်/မြို့နယ်ဌာနဆိုင် ရာနှ့င့်မြို့မိမြို့ဖတို့ပူပေါင်၍ဝါဆို သ င်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ





MNP ၊ ဇူလိုင် ၂၉     

     ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့‌ နယ်၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်  မြို့မိမြို့ဖများ ကြီးမှူးကျင်းပသည့် စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို  ရွှေအမ်းတောင်ခမ်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။


     ဝါဆိုသင်္ကန်းဆက် ကပ်လှူဒါန်းပွဲသို့ မြို့နယ်ဩဝါဒါစရိယ မြို့ဦးကျောင်းဆရာတော် ဘဒ္ဒန္တပညာဓိက၊မြိုနယ်သံဃနာယက ဥက္ကဋ္ဌ ဝဏ္ဏိတာရာမစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတနှင့် သံ ဃာတော်အရှင်သူမြတ်များ၊ ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်နှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်  မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။


   ဦးစွာအခမ်းအနားကို ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဌ ဦးအောင်ဇော်ထက်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်  မြို့မိမြို့ဖများ၊ ဧည့်ပရိတ်သတ်များက နမော တ ဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ မြို့နယ်ဩဝါဒါ စရိယမြို့ဦးကျောင်းဆရာတော် ဘဒ္ဒန္တပညာဓိက ထံမှ ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာများနှင့်  မြို့ မိမြို့ဖများ၊ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက် တည်ကြပြီး သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။


ထို့နောက် ဗုဒ္ဓဘာသာသာသနာတော် ထွန်းကားသော နိုင်ငံဖြစ် သည်နှင့်အညီ တန်ဆောင်မုန်းလ ၌ ကထိန်သင်္ကန်းလှူဒါန်းခြင်း၊ ဝါဆိုလ၌ ဝါဆိုသင်္ကန်းများ လှူဒါန်းခြင်းအစရှိသော ဗုဒ္ဓဘာ သာယဉ်ကျေးမှု အစဉ်အလာကောင်းများ ရှင်သန်ခိုင်မြဲလျက်ရှိရာ ဝါဆို လ ရောက်တိုင်း ဆရာ တော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုများ ပြု လုပ်လေ့ရှိရာ ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များက သံဃာ တော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီးမြို့နယ်ဩဝါဒါစရိယ မြို့ဦးဆရာတော် ဘဒ္ဒန္တပညာဓိကထံမှ အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြသည်။


အခမ်းအနားသို့ ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များအား ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်  မြို့မိမြို့ဖများက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)