အမ်းမြို့နယ် အရုဏ်ဦး ငွေစုငွေချေးသမဝါယမအသင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် အရုဏ်ဦး ငွေစုငွေချေးသမဝါယမအသင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ




MNP ၊ ဇူလိုင် ၂၉     

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၊ အရုဏ်ဦးငွေစု/ငွေချေး သမဝါယမအသင်း (လီမိတက်) ၏   ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ဈေးတောင်ရပ် ကွက်၊ အ.ထ.က (ခွဲ) အမှုထမ်း (၂)  အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ ၊ အရုဏ်ဦး ငွေစု/ငွေချေး သမဝါယမအသင်း(လီမိတက်)မှ အမှုဆောင်ဒါရိုက်တာများနှင့် အဖွဲ့ဝင်များ ၊ အသင်းသား (၁၁၄၁)ဦး၏ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။


အစည်းအဝေးတွင် သဘာပတိအဖြစ် အရုဏ်ဦးငွေစု/ငွေချေးသမဝါယမအသင်း(လီမိတက်)ဥက္ကဋ္ဌ နှင့် အခမ်းအနားမှူးအဖြစ် အရုဏ်ဦး ငွေစု/ငွေချေး သမဝါယမအသင်း(လီမိတက်) အတွင်းရေးမှူးတို့က ဆောင်ရွက်ကြပြီး သဘာပတိ ဦးကိုကြီးက အမှာစကားပြောကြားခြင်း ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဌေးမှ အမှာစကားပြောကြားခြင်း ၊ အရုဏ်ဦး ငွေစု/ငွေချေး သမဝါယမအသင်း အတွင်းရေးမှူး ဦးသန်းနိုင် မှ အမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို ဖတ်ကြားခြင်း၊ အသင်းစာရင်းစစ်အဖွဲ့အစီရင်ခံစာနှင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ချုပ်အစီရင်ခံစာကို အသင်း စာရင်းစစ် အဖွဲ့ခေါင်းဆောင် ဒေါ်​​လေးရီ မှ ဖတ်ကြားတင်ပြခြင်းတို့ကို ဆောင်ရွက်ကြပြီး ယင်းအစီရင်ခံစာနှင့်ရှေ့လုပ်ငန်းစဉ်များကို တက်ရောက်လာကြသည့် အသင်းသားများက သဘောတူ အတည်ပြုကြောင်း ဆုံးဖြတ်ချက်ရယူခြင်းများပြုလုပ်ကာ အသင်းသားဦးရေ (၁၁၄၁)ဦးအား စုဆောင်းငွေပေါ်အတိုးပေးငွေ ကျပ်(၄၄၇၄.၉၀)သိန်း ထုတ်ပေးခြင်း၊အစု​ပေါ်အမြတ် ကျပ်(၈၀.၁၉၁)သိန်း ထုတ်​​ပေးခြင်း အသင်းသားများအား လက်​ဆောင်ပစ္စည်းများ ​ပေးအပ်​ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)