MNP ၊ ဇူလိုင် ၂၉
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ဦးနှောက်အမြှေးပါးရောင်ရောဂါနှင့် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်က ရွာမရပ်ကွက်အတွင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးအဖွဲ့များမှ တာဝန်ရှိသူများ ပူးပေါင်းကာသွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ခြင်းဖြစ်သည့် ပိုးလောက်လန်းများမရှိစေရန် နေအိမ်များရှိ ဘုရားညောင်ရေအိုးများ၊ ရေသိုလှောင် ထားသော ရေအိုးများ၊ ရေပုံးများ၊ ရေကန်များအား အဘိတ်ဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး အနီးပတ်ဝန်းကျင်တွင်ရှိသော ရေတင်ကျန်နိုင်သည့် ခွက်၊ တာယာအဟောင်းများအား ခြင်ပေါက်ပွားခိုအောင်းမှု မရှိစေရန် သက်ဆိုင်ရာနေအိမ်ရှိ ပြည်သူများနှင့်တူ ပူးပေါင်း ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ရွှေရည် ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment