သံတောင်ကြီးမြို့တွင် လက်ဖက်မွှေး ဝယ်လိုအားကောင်းလာခြင်းကြောင့် ပိုမိုစိုက်ပျိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

သံတောင်ကြီးမြို့တွင် လက်ဖက်မွှေး ဝယ်လိုအားကောင်းလာခြင်းကြောင့် ပိုမိုစိုက်ပျိုး



MNP ၊ ဇူလိုင်   ၃၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်း ဖာလာပင်၊ ကွမ်းသီး၊ လိုင်ချီးစသည့် နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းမှုအဖြင့် အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် လက်ဖက်မွှေးများ ဝယ်လိုအား ကောင်းလာခြင်းကြောင့် ဒေသခံပြည်သူများ ပိုမိုစိုက်ပျိုးလုပ်ကိုင်လာကြကြောင်း တွေ့ရသည်။


လက်ဖက်မွှေးပင်များကို စိုက်ပျိုးပြီး တစ်နှစ်ခန့်တွင် အရွက်များခူးယူနိုင်ပြီး အရွက်များကို တစ်နှစ်လျှင် (၄) ကြိမ်မှ (၅) ကြိမ်အထိ ဆွတ်ခူးနိုင်သည်။ ခူးယူပြီး လက်ဖက်မွှေးအရွက်များကို ရေနှင့် သေချာစွာ သန့်စင်ဆေးကြောပြီး နေပူလှမ်းကာ မီးဖြင့်မပူမအေး  စနစ်တကျသေချာစွာ အခြောက်ခံရသည်။ ထို့နောက် လက်ဖက်မွှေးအရွက်ခြောက်များကို စတနစ်တကျထုပ်ပိုးကာ သံတောင်ကြီးမြို့ပေါ်တွင်  သာမကတောင်ငူမြို့ရှိ  ကုန်စုံဆိုင်များတွင်   တင်သွင်းရောင်းချရသည့်အတွက်  မိသားစုအပိုဝင်ငွေရရှိကြောင်း  လက်ဖက်မွှေး စိုက်ပျိုးထုတ်လုပ်ရောင်းချသူ  နော်တော့နော်ထံက သိရသည်။     


အဆိုပါ လက်ဖက်မွှေးခြောက်များကို လက်ဖက်ခြောက်နှင့် ရောနှောထည့်ကာ ရေနွေးကြမ်းအဖြစ် သုံးဆောင်နိုင်ပြီး အနံ့မွှေးကာ ဆေးဖက်ဝင်ကြောင်း သိရသည်။


နော်နော်မူ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)