ရွှေတောင်မြို့နယ်တွင် ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် အသားငါး၊စားအုန်းဆီ၊ဘဲဥများရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် အသားငါး၊စားအုန်းဆီ၊ဘဲဥများရောင်းချ







MNP ၊ ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်၊ရွှေတောင်မြို့နယ် မြို့မစျေးအနီးတွင် ယနေ့နံနက်ပိုင်းက ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့်အသားငါး၊စားအုန်းဆီ၊ဘဲဥ၊ များရောင်းချရောင်းချပေးရောင်းချပေးခဲ့ကြောင်းသိရသည်။


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ဇော်နှင့် ဝန်ထမ်းများ ၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးဝန်ထမ်းများ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊မြို့နယ်ပြန် / ဆက်ဦးစီးဌာနမှဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ယွန်းတန်းရပ်ကွက် မြို့မစျေးအနီးတွင် ယနေ့နံနက်ပိုင်းက ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် ဝက်သား( ၁) ပိဿာ ( ၁၀၀၀၀ိ/-) ကျပ်နှုန်းဖြင့် ( ၄၀)ပိဿာ၊ အမဲသား ( ၁) ပိဿာ ( ၁၂၀၀၀ိ/-) ကျပ်နှုန်းဖြင့် ( ၁၀)ပိဿာ စားအုန်းဆီ( ၁) ပိဿာ ( ၅၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၂ ၄၀)ပိဿာ၊ ဘဲဥ (၁)လုံး( ၃၀၀)ကျပ်နှုန်းဖြင့်လုံး ( ၁၅၀၀) လုံး

တို့အားဖြန့်ဝေရောင်းချပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)