Pages

Pages

ရွှေတောင်မြို့နယ်( အမက) ဝါးလည် အခြေခံပညာကျောင်းတွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ






MNP ၊ ဇူလိုင် ၁၂

ပဲခူး တိုင်းဒေသကြီး ၊ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် မီးလောင်ကျေးရွာအုပ်စု၊ ဝါးလည်ကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊စားသုံးသူ​ရေးရာဦးစီးဌာန၊ အားကစား နှင့် ကာယပညာဦးစီးဌာန၊ တိုင်းရင်း​​ဆေးကုဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ကျောင်းသူများအား စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေး၊မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနှင့်ကလေးအလုပ်သမားပပျောက်ရေးအသိပညာများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ယဥ်ယဥ်ဆင့်ကစားသုံးသူနှင့်ပတ်သက်သေ ာကုန်စည်အမှတ်အသား ( ၈)ချက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက လူငယ်နှင့်ကိုယ်လက်လှုပ်ရှားအားကစား ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီးကျောင်းသား၊ကျောင်းသူလေးများကိုကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်ခန်းများပြုလုပ်ခင်းနှင့် မြိုနယ်တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်က မိုးရာသီနှင့်ဆောင်းရာသီတွင်အဖြစ်များသော အဆုတ်လေပြွန်ရောဂါအကြောင်းအသိပညာပေးဟောပြောခဲ့ကြပြီး ဒုဦးစီးမှူး ဒေါ်‌ေနွးဒါလီနိုင်က ဝက်ဝံကလေးနှင့်သူ၏ သူငယ်ချင်းများ ခေါင်းစဉ်ဖြင့် ပုံပြင်များပြောကြားခဲ့သည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှစာအုပ်စာစောင်များပြသခြင်းကျောင်းသား၊ကျောင်းသူလေးများကိုလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ် စာစောင်၊မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်၊လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များအား ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး မြိုနယ်တိုင်းရင်းဆေးကုဌာနမှ ကျောင်းသား ၊ကျောင်းသူလေးများကို နွယ်ချိုကဲအစာကြေဆေးများဝေမျှပေးခဲ့ကြောင်း သိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment