MNP ၊ ဇူလိုင် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ ၁၀ ရက်နေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ ကောယားကျေးရွာအုပ်စု၊ တုံလုံကျေးရွာရှိ ဒေသခံစိုက်ပျိုးရေး တောင်သူများအား မျိုးစေ့၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် ပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေများအားလုံးတွင် စပါးကိုအဓိကထားပြီး ဆီထွက်သီးနှံအပါအဝင် အခြားသီးနှံများကို သတ်မှတ်စိုက်ဧကပြည့်မီအောင်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါး၊ နွေစပါး တစ်ဧက တင်းတစ်ရာထွက်ရှိရေးနှင့် အခြားစိုက်ပျိုးသီးနှံများလည်း ပန်းတိုင် အထွက်နှုန်း ရရှိရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးတောင်သူများအား လိုအပ်သည့် သွင်းအားးစုများထည့်သွင်းနိုင်ရေး ပံ့ပိုးခြင်းနှင့် နည်းပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးနှံများကို ရာသီအချိန်မှီအချိန်ကိုက် သတ်မှတ်ချက်များနှင့် အညီ လျာထားချက်ပြည့်မှီအောင်စိုက်ပျိုးခြင်းဖြင့် သီးနှံများအထွက်တိုးကာ တိုင်းဒေသကြီး၏ စိုက်ပျိုးစွမ်းအား မြင့်တင်ရေးကို အားပေးကူညီခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးနှင့် တိုင်းဒေသကြီး စိုက်ပျိုးရေးဦစီးဌာန တိုင်းဒေသကြီးဦးစီးမှူတို့မှ မျိုးစေ့၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် ပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကောယားကျေးရွာအုပ်စု၊ တုံလုံကျေးရွာရှိ ဒေသခံစိုက်ပျိုးရေးတောင်သူများအား မျိုးစေ့၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် ပိုးသတ်ဆေးများအားအသီးသီးထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မိုးစပါး ပန်တိုင်းအထွက်ရရှိရေးအတွက် စံပြကွက် ၁၀ ဧကအတွင်း သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာများ အချိုးကျရောစပ်ခါ စုပေါင်းကြဲပက်မှုနှင့် ထွန်ယက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ ဟုမ္မလင်းမြို့နယ်၊ တုံလုံကျေးရွာ ဒေသခံတောင်သူ ၅၀ ဦးထံ ယူရီးယား ဓါတ်မြေဩဇာ ၅ အိတ်၊ ကွန်ပေါင်းဓါတ်မြေဩဇာ ၂ အိတ်၊ ရွက်ဖျန်းမြေဩဇာ ၅ ထုတ်၊ ဆေးဖျန်းပုံ ၂ ပုံး၊ ကြွတ်သတ်ဆေး ၅ ဘူး၊ ဟင်းသီးဟင်းရွက်မျိုးစေ့ ၂၀၀ ထုတ်အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိကြသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂)မှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးညီညီဇော်က ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အခြေအနေ များနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ထွန်းလင်းက ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) ချဉ်းကပ်လမ်းများဖောက်လုပ် နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အား ဆက်သွယ်ပေးမည့် ချင်းတွင်းမြစ်ကူး တံတား(ထမံသီ) တည်ဆောက်ပြီးစီးပါက လေရှီးမြို့နယ်၊ ဆွမ္မရာမြို့နှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့်ဒေသဖွံ့ဖြိုးရေးအတွက် များစွာအကျိုးပြုမည့် တံတား
ကြီးတစ်စင်းဖြစ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ အမြန်ပြီးစီးကာ သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်းမွန်အောင်တည်ဆောက်သွားရန် လိုအပ်ပါကြောင်း၊လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကိုလည်း သတိပြုဆောင်ရွက်စေလိုပါ ကြောင်း အသေးစိတ်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ချင်းတွင်းမြစ်ကူး တံတား (ထမံသီ) တည်ဆောက်နေမှုလုပ်ငန်းများနှင့် ချဉ်းကပ်လမ်းဖောက်လုပ်နေမှုတို့အား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သည် ဟုမ္မလင်းမြို့နယ်၊ ဟုမ္မလင်း-လေရှီး-ပန်ဆပ်-ဆွမ္မရာလမ်းပေါ်တွင် ချင်းတွင်းမြစ်အားဖြတ်၍ သံမဏိသံဘောင်ဂုံးတံတား အမျိုးအစား ဖြစ်ပြီး တံတားအရှည် - ၈၀၁ မီတာ၊ ရေလမ်းကင်းလွတ်အမြင့် ၄၀ ပေ(HFL) ရေလမ်း ကင်းလွတ် အကျယ် - ၃၃၈ ပေဖြင့် တည်ဆောက်သွားမည် ဖြစ်ပါသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ ထမံသီစံပြကျေးရွာတွင် ကျင်းပပြုလုပ်သည့် ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ကျေးရွာနေ ပြည်သူများက ချင်းတွင်းမြစ်အတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်းနှင့် ငါးခုံးမကြီးကောင်ရေ ၁ သိန်းအား စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment