Pages

Pages

ပြင်ဦးလွင်မြို့ အမှတ် (၄) အခြေခံပညာကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ






MNP ၊ ဇူလိုင် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပြင်ဦးလွင်မြို့နယ် အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း ကံ့ကော်ခန်းမဆောင်၌ ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဟောပြောဆွေးနွေးမည့် စာရေးဆရာ ကိုရွှေအောင်သင်း၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူးနှင့် မြို့နယ်အားကစားမှူး ဦးမြင့်ဌေး၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ ကျောင်းအုပ် ဆရာကြီး ဦးယုလီနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။


လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီး  ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ ကျင်းပရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ စာဖတ်ခြင်း၏ အကျိုး ကျေးဇူးများအား ဆွေးနွေးပြောကြားသည်။


ထို့နောက် ပြင်ဦးလွင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူးက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာကိုရွှေအောင်သင်းက ငယ်စဉ်အရွယ်မှာပညာရှာ ခေါင်းစဉ်ဖြင့်လည်းကောင်း လူငယ်ရေးရာ အသိ ပညာပေးအကြောင်းအရာများ အသီးသီးဟောပြောဆွေးနွေးခဲ့ကြပြီး ဟောပြောပွဲသို့ တက်ရောက်လာသော အ-ထ-က(၄) မှ ကျောင်းသား၊ ကျောင်းသူများ ကဟောပြောပွဲနှင့်ပတ်သက်၍ မိမိတို့၏ အမြင်များကို ပြန်လည် -ဆွေးနွေခဲ့ကြသည်။


ထို့နောက် အ-ထ-က(၄) ကျောင်းအုပ်ဆရာကြီးထံသို့ ပြင်ဦးလွင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ကျောင်း သား၊ကျောင်းသူများ အသုံးပြုနိုင်ရန် အားကစားပစ္စည်းများပေးအပ်ခဲ့ပြီး၊ စာရေးဆရာ ကိုရွှေအောင်သင်းမှ ပါဝင်ဆွေးနွေးပေးကြသော ကျောင်းသား၊ ကျောင်းသူများအား သုတ/ရသစာအုပ်များ အသီးသီး ပေးအပ်ချီးမြှင့်သည်။


လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအပြီးတွင် အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ ရသ စာအုပ်မျိုးစုံကို  စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးအနေဖြင့် မိတ်ဘက်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြို့နယ်စာရေးဆရာ အသင်းနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများနှင့် လူငယ်စကားဝိုင်းများကို အခြေခံပညာကျောင်းများအပြင် အဆင့်မြင့်ပညာကျောင်းများသို့ ကွင်းဆင်းကာဟောပြောဆွေးနွေးလျက်ရှိသည့်အပြင် သုတ/ရသ စာအုပ်များ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရေး စာအုပ်ပြပွဲများကိုလည်း လစဉ်ကျင်းပ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဖြူလူသစ်

https://t.me/MyanmarNationalPost




No comments:

Post a Comment