ကနီမြို့ နှလုံးလှနာရေးကူညီမှုအသင်းသို့ အလှူငွေများထည့်ဝင်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကနီမြို့ နှလုံးလှနာရေးကူညီမှုအသင်းသို့ အလှူငွေများထည့်ဝင်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကျင်းပ





MNP ၊  ဇူလိုင်  ၂၀ 

 စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့ နှလုံးလှနာရေးကူညီမှုအသင်းသို့ အလှူငွေများထည့်ဝင်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်မ်းလွှာများ ပြန်လည်ပေးအပ်ပွဲကို ဇူလိုင်လ ၂၀ ရက်နေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်းကျင်းပ ပြုလုပ်ကြောင်း သိရသည်။ 

ရှေးဦးစွာ ကနီမြို့ နှလုံးလှနာရေးကူညီမှုအသင်းသို့ ကနီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်သက်နိုင်နှင့် ဇနီး မိသားစုတို့မှ အလှူငွေ (၃)သိန်းကျပ်၊ ကနီမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ အတွင်းရေးမှူး ရဲမှူးမျိုးဇော်တင့်မှ၊မွေးနေ့အထိမ်းအဖြစ် စားပွဲ(၁)လုံးနှင့် ထိုင်ခုံ(၅)လုံး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကနီမြို့မစခန်းမှူး ဒုရဲမှူး သိန်းမြင့်နှင့် ဇနီး မိသားစုမှ စားပွဲ(၁)လုံးနှင့် ထိုင်ခုံ(၅)လုံးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲအုပ်များအဖွဲ့မှ အလှူငွေ တစ်သိန်း ငါးသောင်းကျပ်တို့အား လှူဒါန်းရာ ကနီမြို့ နှလုံးလှနာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျင်သိန်းမှ လက်ခံရယူပြီး အသင်း ဥက္ကဌ ဦးကျင်သိန်းမှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 ယင်းနောက် ကနီမြို့အတွက် လိုအပ်နေသော ကွက်လပ်တစ်ခုကို ဖြည့်ဆည်းကူညီ ပေးနေသည့် ကနီမြို့ နှလုံးလှနာရေးကူညီမှုအသင်းအား ကနီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးရဝေစိုးနှင့် အဖွဲ့ဝင်များက အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ အလှူငွေများထည့်ဝင်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲသို့  ကနီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ကနီမြို့ နှလုံးလှနာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျင်သိန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။ 


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)