Pages

Pages

ငါးသိုင်းချောင်းမြို့ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကျင်းပ


MNP ၊ ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လည်(၁)နာရီအချိန်က စာရေးဆရာ ဖေမြင့်ရေးသားသည့် အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ဇင်မီမီဝင်းက စာဖတ်ဝိုင်းများကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ စာပေချစ်မြတ်နိုးသူ (Book club) အဖွဲ့ဝင် ဦးမြင့်ဆွေက စာအုပ်တွင်ပါဝင်သည့် လောကကြီးထဲမှာ မိမိနေရာကိုရှာဖွေခြင်းခေါင်းစဥ်ဖြင့်လည်းကောင်း၊ တက်ရောက်လာသည့် စာပေဝါသနာရှင်များက ဖြောင့်မတ်ခြင်း၊ တည်ကြည်ခြင်း၊ ရဲရင့်ခြင်း၊ ကြီးကျယ်မြင့်မားသောဘဝ အစရှိသည့်ခေါင်းစဥ်များဖြင့် မိမိတို့၏အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲ၊ ပြိုင်ပွဲများနှင့် Talk show အစီအစဉ်များကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment