Pages

Pages

ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သတင်းဓာတ်ပုံရိုက်ကူး တည်းဖြတ်နည်း သင်တန်းဖွင့်လှစ်သင်ကြား



MNP ၊ ဇူလိုင် ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်နှင့် မြို့နယ်များမှ သတင်းလုပ်ငန်းဆောင်ရွက်နေသူ များအား သတင်းဓာတ်ပုံရိုက်ကူး တည်းဖြတ်နည်းသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌   ဖွင့်လှစ်သင်ကြားသည်။


ရှေးဦးစွာ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က ခရိုင်အတွင်း သတင်းလုပ်ငန်း ဆောင်ရွက်နေသည့် ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေးအတွက် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သတင်းဓာတ်ပုံနှင့် မှတ်တမ်းဓာတ်ပုံများ ရိုက်ကူး တည်းဖြတ်ရာတွင် အရည်အသွေးရှိသော ဓာတ်ပုံများရရှိစေရန် ရည်ရွည်၍ ဖွင့်လှစ် သင်ကြားခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


အဆိုပါ သင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်နှင့် မြို့နယ်များမှ သတင်းလုပ်ငန်း ဆောင်ရွက်နေသူများနှင့် ဝန်ထမ်းများအား သတင်းဓာတ်ပုံရိုက်ကူးနည်း၊ တည်းဖြတ်နည်း၊ သတင်းရေးသားနည်းနှင့် သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းများကို သုံးရက်ကြာ စာတွေ့လက်တွေ့သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment