စာဖတ်​ခြင်းအကျိုးကျေးဇူးဟော​ပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စာဖတ်​ခြင်းအကျိုးကျေးဇူးဟော​ပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲပြုလုပ်



MNP ၊ ဇူလိုင် ၂၀

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာန လူထုအ​ခြေပြု Community Centre ခန်းမ၌စာဖတ်ခြင်း အကျိုးကျေးဇူးဟောပြောခြင်း​၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲကို  ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ဦးစီးအရာရှိ ဒေါ်တင်တင်လှက ရှင်းလင်းပြောကြးပြီး စာဖတ်ခြင်းအကျိုးကျေးဇူးများကို စာကြည့်တိုက်တာဝန်ခံ ဒေါ်သန္တာထွန်းက ဟောပြောပေးခဲ့သည်။ ယင်းနောက် နံရံကပ်စာစောင်များတွင် ကျန်းမာရေးအသိပညာပေးများ၊ မိုးရာသီမုန်တိုင်းအသိပညာပေး ဓာတ်ပုံများကိုပြသခဲ့သည်။ဆက်လက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိရန် ပြတိုက်ငယ်အတွင်း စာအုပ်စာစောင်များပြသပေးခဲ့ကြောင်း သိရသည်။


စိုးသီဟ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)