MNP ၊ ဇူလိုင် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ဇူလိုင်လ(၁၉)ရက်၊ နံနက်(၉)နာရီအချိန်က ဒေသခံတောင်သူ ဦးပါကြုံ၏ တောင်ယာစပါးစိုက်ခင်း၌ ကြွက်ကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ ကွင်းသရုပ်ပြပွဲ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဝေပေးသော ကြွက်သတ်ဆေး(မန္တလာ -၂) ဆေးများအား တောင်ယာစပါးစိုက်ခင်းများ၌ ဆေးချခြင်း၊ တောင်ယာကန်သင်းများတွင် ကြွက်ခို အောင်းနိုင်သော ခြုံနွယ်များအားရှင်းလင်းခြင်းလုပ်ငန်းများအား ထန်ပါခွေမြို့စိုက်ပျိုးရေးဦးစီးဌာန နှင့် ဒေသခံတောင်သူများပူးပေါင်းကာ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထန်ပါခွေမြို့တွင် တောင်ယာစပါး(၁၃၂၁)ဧကနှင့် လယ်စပါး(၁၆၀)ဧက စုစုပေါင်း(၁၄၈၁) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကာ ဒေသခံတောင်သူ ဦးဟန်ကြည်၏ သတင်းပေးချက်နှင့် ကင်းထောက်မှတ်တမ်းများအရ တောင်ယာစပါးစိုက်ခင်းများတွင် ကြွက်များစတင်ကျရောက်ကာ ဖျက်ဆီးနေကြောင်းသိရှိရ၍ ဒေသခံတောင်သူများနှင့်ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထန်ပါခွေမြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဝေမင်းဦး၏ ပြောပြချက်အရ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment