MNP - ဇူလိုင် ၂၁
ဘိုင်ယန်မြူးနစ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ တောင်ပံကစားသမား ဆာဒီယို မာနေးဟာ ဆော်ဒီလိဂ်ကလပ် အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆွေးနွေးမှုများ စတင်ပြုလုပ်တော့မည် ဖြစ်ကြောင်း သိရသည်.
အဆိုပါ အသက် ၃၀အရွယ် ဆီနီဂေါလက်ရွေးစင်ဟာ ဥရောပဆက်ကစားလိုနေပြီး ဘိုင်ယန်မြူးနစ်အသင်းမှာသာ ဆက်ရှိလိုပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဘက်က လမ်းခွဲဖို့ တွန်းအားပေးနေသည်။
ဆာဒီယို မာနေးဟာ ဆော်ဒီလိဂ်ကလပ်အသင်းတွေရဲ့ အခြေအနေကို အလေးအနက်ထား စဉ်းစားနေပြီး အယ်လ်နာဆာအသင်းနှင့် စာချုပ်ပါ စည်းကမ်းချက်များကို ညှိနှိုင်းမည်ဖြစ်သည်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment