ကန့်ဘလူမြို့နယ်၊ ကံရိုးကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ရွာသူရွာသားများအား ဆရာတော်ဦးဝါသဝ အားပေးစကား မိန့်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်၊ ကံရိုးကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ရွာသူရွာသားများအား ဆရာတော်ဦးဝါသဝ အားပေးစကား မိန့်ကြား




MNP ၊ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ခါးတောက်ရင်းအုပ်စု၊ ကံရိုးကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ရွာသူရွာသားများနှင့် တွေ့ဆုံ၍ ဆရာတော်ဦးဝါသဝမှ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆရာတော်ဦးဝါသဝ က အားပေးစကားပြောကြားရာတွင် KIA/PDF အကြမ်းဖက်အန္တရာယ်များကို စည်းစည်းလုံးလုံး ကာကွယ်တားဆီးကြရန်၊ အကြမ်းဖက်နှိမ်နင်းရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့် အခြေအနေနှင့် KIA/PDF အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၅၈၉၃ ဦး သေဆုံးခဲ့ရသည့် အခြေအနေများ၊ KIP/PDF အကြမ်းဖက်အန္တရာယ်ကို တပ်မတော်နှင့် ပူးပေါင်းလက်တွဲ၍ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် ညီညီညွတ်ညွတ် ကာကွယ်တားဆီးကြရမည်ဖြစ်ကြောင်း ဆွေးနွေးမိန့်ကြားခဲ့သည်။

ဆရာတော်ဦးဝါသဝ အနေဖြင့် ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှမြို့နယ်များတွင် KIA/PDF အကြမ်းဖက်အန္တရာယ်ကို ဒေသခံ ပြည်သူလူထုက ပူးပေါင်းကာကွယ်နိုင်စေရန် ပြည်သူ့စစ်ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးခြင်း၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအတွက် လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြဆောင်ရွက်ပေးခြင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ရှိသူများနှင့် လက်တွဲ၍ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိသိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)