ကျောက်ဆည်မြို့တွင် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင် ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့တွင် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင် ပြပွဲကျင်းပ





MNP ၊ ဇူလိုင် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်အတွက် အလယ်တန်းအဆင့် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို ဇူလိုင် (၂၀) ရက် မွန်းလွဲ (၁) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများ စာပေ ဖတ်ရှုသည့် အလေ့အကျင့်များ ရရှိလာစေရန်နှင့် စဉ်းစားတွေခေါ်မှု မြင့်မားလာစေရေး၊ စာပေချစ်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာစေရေး၊ ယာဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ် လူငယ်များ ဖြစ်လာစေရေး၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အလယ်တန်းအဆင့် ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ  ကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်ပြီး ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ကျောင်းသား/ကျောင်းသူများအနေဖြင့် အနာဂတ်တွင် နိုင်ငံ့တော်ကြီး ဘက်စုံဖွံ့ဖြိုးရးအတွက် ကြိုးစားကြစေရန်၊ အားလပ်သည့်အချိန်များတွင် စာပေဖတ်ရှု့ လေ့လာကြစေရန်နှင့် စာပေးဖတ်ရှု့ခြင်းအားဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း ရှင်းလင်း ပြောကြား ခဲ့ပြီး ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်သား/ကျောင်သူ (၃၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအပြီးတွင် အမှတ်တရလက်ဆောင်များ ပေးအပ်ကြောင်းနှင့် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ် စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ လေ့လာကြည်ရှုခဲ့ကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)