မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား ကျင်းပ




MNP ၊ ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး ၂၀၂၃-၂၀၂၄ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊ ခရိုင်/မြို့နယ် ဥပဒေအရာရှိများ၊ အမှုထမ်းများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးဥပဒေချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဌာန၏ မိသားစုဝင်များမှ ထူးချွန်ထက်မြက်သည့် ပညာတတ်အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် ပညာသင်ကြားနေသည့် ကျောင်းသား/သူများအတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဌာနရှိ ဝန်ထမ်းများ၏ ကျောင်းနေအရွယ် ကျောင်းသား/သူများအားလုံး ပညာသင်ကြေးထာက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်းနှင့် ကျောင်း/သားသူများအနေဖြင့်လည်း နောင်တစ်ချိန်တွင် နိုင်ငံတော်အကျိုးပြုသည့် မျိုးဆက်သစ်လူငယ်များဖြစ်လာအောင် ကြိုးစားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ ကျောင်းသား/သူများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးများအား တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီး ဥပဒေအရာရှိတို့က အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး ၂၀၂၃-၂၀၂၄ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲတွင် ကျောင်းသား/သူ (၁)ဦးလျှင် ငွေကျပ်(၃)သောင်းနှုန်းဖြင့် ကျောင်းသား/သူ(၂၁)ဦးအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခဲ့ကြောင်း သိရသည်။


ကိုစည်သူ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)