မြို့သစ်မြို့နယ်၌ မြေအောက်ရေဖြင့် စိုက်ပျိုးသည့်ပန်းထိမ်ငိုပန်းပင်များ အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ်၌ မြေအောက်ရေဖြင့် စိုက်ပျိုးသည့်ပန်းထိမ်ငိုပန်းပင်များ အောင်မြင်ဖြစ်ထွန်း



MNP ၊ ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ဒေသခံတောင်သူများက စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန် မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီး တစ်ပိုင်တစ်နိုင် ပန်းထိမ်ငိုပန်း စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းမှုရှိကြောင်း ဒေသခံတောင်သူများထံက သိရသည်။


ပန်းထိန်ငိုပန်းစိုက်ပျိုးရာတွင် နွေ၊ မိုး၊ ဆောင်း ရာသီမရွေး ရေလောင်းစိုက်ပျိုးနိုင်ကြောင်း၊ မြေဆီမြေသြဇာကိုလည်း အပြင်ကဝယ်ယူစရာမလိုကြောင်း၊ မိမိတို့အိမ်တွင် မွေးမြူထားသော နွားချေး၊ မကြီးရွက်မြေဆွေးများဖြင့် ရောစပ်ကာ စိုက်ပျိုးထားကြောင်း၊ ယခုဆိုလျင် ပန်းထိန်ငိုပန်းများ ခူးဆွတ်ရောင်းချနေရကာ တစ်နေ့ (၁၀၀၀၀)နှင့် (၁၅၀၀၀)ကျပ်ခန့်အထိ ရရှိပြီး စျေးသို့ သွားရောက်ရောင်းချရန်မလိုဘဲ မိမိအိမ်သို့ လာရောက်ဝယ်ယူကြောင်း ပန်းထိန်ငိုပန်းစိုက်ပျိုးသူ တစ်ဦးထံမှ သိရသည်။


ကျမတို့ဒေသက စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် မိမိတို့ရဲ့ နေအိမ်ဝိုင်းကွက် မြေကွက်လပ်တွေမှာ မြေအောက်ရေကို အကျိုးရှိစွာနဲ့ အသုံးချပြီး တစ်ပိုင်တစ်နိုင် ဘုရားပန်းမျိုးစုံနဲ့အတူ စားဖိုဆောင်သီးနှံမျိုးစုံကိုလည်း တွဲဖက်ပြီး စနစ်တကျစိုက်ပျိုးလုပ်ကိုင်ကြောင်း၊ ပွင့်လင်းရာသီချိန်မှာ မြေအောက်ရေနဲ့ ပန်းထိမ်ငိုပန်းစိုက်ပျိုးရေးလုပ်ငန်းဟာ ဖြစ်ထွန်း အောင်မြင်ပြီး နေ့စဉ် မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းက အပိုဝင်ငွေရရှိစေကြောင်း၊ ပန်းထိမ်ငိုပန်းစိုက်ပျိုးရာ၌ ဒေသတွင်းလူကြိုက်များပြီး ရောင်းအား ကောင်းတဲ့ ပန်းတို့ကို အားထားစိုက်ပျိုးကြောင်း၊ ဆောင်းရာသီတုန်းက မြေအောက်ရေနဲ့စိုက်ပျိုးခဲ့တဲ့ ပန်းထိမ်ငို ပန်းပင်တွေဟာ အဖူးအပွင့်များ လှိုင်လှိုင်ထွက်ရှိပြီး နေ့စဉ် ဆွတ်ခူးရောင်းချနေရကြောင်း၊ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းက အပိုဝင်ငွေရရှိတဲ့ ပန်းထိမ်ငိုပန်းစိုက်ပျိုး ရေးလုပ်ငန်းကို တောင်သူတွေအနေနဲ့ စိုက်ပျိုးလုပ်ကိုင်သင့်ကြောင်း၊ ကျမတို့ဒေသမှာ အဓိက စိုက်ပျိုးတဲ့ပန်းတွေကတော့ ပန်းထိမ်ငို၊ စံပယ်ပန်း၊ ရေမွေးပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ နှင်းဆီပန်း၊ မေမြို့ပန်းတို့ကို စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ စားဖိုဆောင်သီးနှံမျိုးစုံကိုလည်း စိုက်ပျိုးလုပ်ကိုင် ကြကြောင်း စိုက်ပျိုးရေအဆင်ပြေ၍ အောင်မြင်ဖြစ်ထွန်းမှုလဲရှိကြောင်း မြို့သစ်မြို့နယ် ထန်းရင်း၊ ဆင်ဖြူချီ၊ တပ်ကုန်းကျေးရွာတို့မှ ဒေသခံတောင်သူများကပြောသည်။


မြို့သစ်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စွန်ဆည်၊ ဆဒ္ဒန်ဆည်၊ ပုလင်းဆည်၊ နတ်မောက်ဆည်၊ ဘုတ်ချောင်းဆည်နှင့် မြေအောက်ရေကို အမှီပြုပြီး ဥယျာဉ်ခြံမြေများနှင့် နေအိမ်ဝိုင်းများရှိ မြေကွက်လပ်များတွင် မိသားစုဝင်ငွေတိုးပွားစေရေးအတွက် ဘုရားပန်းမျိုးစုံနှင့် စားဖိုဆောင် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံတို့ကို နွေ၊ မိုး၊ ဆောင်းတစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင် ကြကြောင်း သိရသည်။


သန်းဝင်းထွန်း 

https://t.me/MyanmarNationalPost







No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)