သနပ်ပင်မြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သနပ်ပင်မြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ




MNP ၊ ဇူလိုင် ၂၄      

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန  လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁၁:၃၀ မိနစ်အချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။


အဆိုပါသင်တန်းဆင်းပွဲတွင် ပဲခူးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးကျော်ဇင်ထွန်းက ကျေးရွာနေပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်၊ သင်တန်းမှသင်ကြားပေးသော အတတ်ပညာများဖြင့် မိသားစုတစ်ပိုင်တနိုင်လုပ်ငန်းငယ်များမှ လုပ်ငန်းရှင်များဖြစ်လာသည်အထိ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း၊  စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့်လည်း လုပ်ငန်းလုပ်ကိုင်လိုသူများအား မှတ်ပုံတင်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သင်တန်းဆင်းအမှာစကားပြောကာ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌဦးဇော်လင်းထက်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


ထို့နောက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း တက်ရောက်လာသော သင်တန်းသား/သူ(၂၀)ဦးအား သင်တန်းဆင်းအောင်လက်မှတ်နှင့်သင်တန်းထုတ်ကုန်များအား ပေးအပ်‌ကြောင်း သိရသည်။


လှမိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)