ကျိုက်ထိုမြို့နယ် လူမှုဖူလုံရေးရုံးတွင် ထိခိုက်သေဆုံးသူအတွက် ထောက်ပံ့ကြေးပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် လူမှုဖူလုံရေးရုံးတွင် ထိခိုက်သေဆုံးသူအတွက် ထောက်ပံ့ကြေးပေးအပ်







MNP ၊ ဇူလိုင် ၂၄      

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင်အလုပ်သမားဝန်ကြီးဌာန၊လူမှုဖူလုံရေးရုံးမှ ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များငွေလုံးငွေရင်းထုတ်ပေးခြင်းအခမ်းအနားကို ဇူလိုင်(၂၄)ရက်နံနက်(၁၀)နာရီတွင်မြို့နယ်လူမှုဖူလုံရေးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင်မွန်ပြည်နယ်လူမှုဖူလုံရေးရုံး၊ပြည်နယ်တာဝန်ခံအရာရှိဦးသက်ဆွေ မှ အာမခံအလုပ်သမားဦးကျော်မင်းဦး(မြန်မာ့မီးရထား)၏လုပ်ငန်းခွင်ထိခိုက် သေဆုံးမှုအတွက်ကျန်ရစ်သူမိသားစုအားအကျိုးခံစားခွင့် ထုတ်ပေးခြင်းဖြစ်ကြောင်းပြောကြားရာ မြန်မာ့မီးရထား(မုပ္ပလင်ဘူတာ)မှရုံးပိုင်ကြီး ဦးခင်မောင်ချိုမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


ထို့နောက် အာမခံအလုပ်သမားဦးကျော်မင်းဦး(မြန်မာ့မီးရထား)၏လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် ပြည်နယ်တာဝန်ခံအရာရှိဦးသက်ဆွေမှ ဦးကျော်မင်းဦး၏ဇနီးဖြစ်သူဒေါ်လှလှဌေးထံသို့ ငွေကျပ်(၈၁)သိန်းအားလွှဲပြောင်း ပေးအပ်ခဲ့ကြောင်းသိရသည်။


ဝင်းမောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)