ပေါင်မြို့နယ်တွင်မြို့နယ်အဆင့်အခြေခံစားသောက်ကုန်ပစ္စည်းများတိုးမြှင့်ထုတ်လုပ်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင်မြို့နယ်အဆင့်အခြေခံစားသောက်ကုန်ပစ္စည်းများတိုးမြှင့်ထုတ်လုပ်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေးကျင်းပ




MNP ၊ ဇူလိုင် ၂၄      

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် မြို့နယ်အဆင့်အခြေခံစားသောက်ကုန်ပစ္စည်းများတိုးမြှင့်ထုတ်လုပ်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေးကျင်းပခြင်းကို ယနေ့ နေ့လယ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် က စားသုံးသူပြည်သူများအခြေခံစားသောက်ကုန်ကိုသက်သာသည့်နှုန်းဖြင့်ရရှိစေရေး၊ငွေကြေးဈေးကွက်အား ဈေးကစားပြီး နိုင်ငံရေးအမြတ်ထုတ်မှုများ မလုပ်နိုင်ရေး ၊ တိရစ္ဆာန်များမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများဖြင့် ဇိဝမြေဩဇာများ အစားထိုး အသုံးပြုနိုင်ရေး ထုတ်လုပ်သုံးစွဲရန်  စသည်များကို ကော်မတီများနှင့်ညှိနှိုင်းအစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက်  ကော်မတီဝင်များက မိမိတို့အနေဖြင့် ပြည်သူများအတွက်  ကုန်ဈေးနှုန်းများကို သက်သက်သာသာ နှင့်ဝယ်ယူစားသောက်နိုင်ရန် နှင့် စားသောက်ကုန်ပစ္စည်းများတိုးမြှင့်ထုတ်လုပ်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး အတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ 


အဆိုပါ  စားသောက်ကုန်ပစ္စည်းများတိုးမြှင့်ထုတ်လုပ်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေးအရ အပတ်စဉ် စနေ နေ့တိုင်း နံနက် (၆း၃၀)နာရီမှ (၇း၃၀)နာရီအထိ ဝက်သား၊အမဲသား၊ဆန်၊ဆီ၊ကြက်ဥ စသည်များ‌ကိုဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)